သမိုင်းအကြောင်းနည်းနည်းပါ

စောလုံ၊ စောင့်ပါခလှည့်

(နရသီဟပတေ့)

ပုဂံရာဇ၀င်မှ ထင်ရှားခဲ့တဲ့နရသီဟပတေ့မင်းရဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ငယ်မည်မင်းခွေးချေး ခေါ်တဲ့နရသီဟပတေ့ဟာ ပုဂံရာဇ၀င်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ၊ အမျက်စောင်မာန်ကြီခြင်း၊ စည်းစိမ်ယစ်မူးခြင်း၊ အသိညဏ်နည်းခြင်း၊ မဆင်မခြင်အဆောတလျင် ဆုံးဖြတ်အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည်စုံသူလို့ ဆိုပါသည်။ သူ့လက်ထက်မှာ ထူးထူးခြားခြား (လို့ဆိုရမယ့်)ဖြစ်ရပ်တွေကလည်း အများသား။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့။

“ စောလုံ၊ စောင့်ပါခလှည့် ”။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ။ နွေလရာသီမှာ ရေဖျန်း ကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေမြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို ထိုး၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ရှိပါသည်။ မောင်းမမိသံအစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “ မျက်စီ၊ မျက်နှာ၊ ဦးဆံရွှမ်းရွှမ်း စွတ်အောင်ရေပက် ” လို့ မောင်းမငယ်တစ်ဦးထံ ကျိတ်မှာထားပါသည်။ စောလုံဆိုတာက နရသီဟပတေ့ အလွန်မြှောက်စားချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်း ကြမ်းကလေး ကျီစယ်တဲ့သဘောပါ။ မောင်းမမိသံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီးဝူးဝါး ပြိုလဲအရှက်တကွဲဖြစ်ခဲ့ရပါသည်။ ဒါကိုနရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့၊ ဘုရင်ရယ်တာ့ အားလုံးကလည်းလိုက်ရယ်ကြတာပေါ့လေ။

စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန်မာနကြီးရတဲ့အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီးအပေါ် အမျက်သိုနှလုံးနာပြီးပွဲတော်စာ(ထမင်းအုပ်)မှာ အဆိပ်ခပ်ပါရော။ ဒီအမှုပေါ်သွားတော့ မင်းကြီးကစောလုံကိုစစ်မေးပါတယ်။ စောလုံက “ ဟယ်..ပန်းပွတ်သည်မြေး၊ နင့်ကိုငါလုပ်ကျွေးမွေးမြူ ငါ့ကိုနင်သူကောင်းပြုလျှင် ထိုသို့သောကိုယ်ဖြစ်ပြီး အထင်အရှားရှိပြီးမှ မောင်းငယ်ကိုနှုတ်လည့်ပြီး အ၀တ်အစားဦးဆံစွတ်အောင် နင်လုပ်သော ကြောင့်နင့်ကိုငါနှလုံးထောင့်ပြီး ကြံသည် ” လို့ပြန်ပြောပါတယ်။

“ ပန်းပွတ်သည်မြေး ” ဆိုတဲ့စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုးရိုးဇာစ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာဖော်လိုက်တဲ့စကားပါ။ ဒီစကားလုံးကို ဘုရင်မခံနိုင်ပါဘူး။ ဒါ့အပြင် အဆိပ်ခပ် လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇ၀တ်ပြစ်မှုဆိုတော့….

ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး “ ဖိုးထိုးကျပ်တင် သတ်စေ” အမိန့်ချပါ တယ်။ မိဖုရားစောလုံဟာ ခုနှစ်ရက်လုံးလုံး အဓိဌာန်ဝင်၊ သီတင်းသီလစောင့်ပြီးမှ သံကျပ်စင် တက်တယ်လို့ဆိုပါသည်။ သီလဂုဏ်ကြောင့် မီးသုံးကြိမ်သေပြီးမှ ငါသည် ခဏချင်းကျွမ်း ပျောက်စေသားလို့ အဓိဌာန်ပြီး အနိစ္စရောက်သွားပါတယ်။

နရသီဟပတေ့မင်းဟာ စောလုံကိုသတ်ပြီးနောက် စက်တော်ခေါ်ချိန်ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့။ အခါတိုင်းသူအိပ်ရာအ၀င်မှာ ထွေးပွေ့ချော့သိပ်ခစား ရသူဟာစောလုံဖြစ်ခဲ့တာကလား။ ဒီတော့မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ်။ “ စောလုံ….စောင့်ပါခလှည့်၊ စောလုံ…စောင့်ပါခလှည့် ” တဲ့။

စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးကာမှ ငါမှားပြီရယ်လို့ နှလုံးကြေကွဲပြီး အိပ်မပျော်နိုင်ဖြစ်ရပါတယ်။ မဟာထေရ်ဆရာတော် တရားနဲ့ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “ နောင် ငါမျက်ကဲ့သော် လခွဲဆယ်ရက်ထားပြီးမှ အချင်းခပ်သိမ်း ကိုမေးမြန်းစိစစ်ဦး၊ ပြီးမှ စီရင်သင့်သူစီရင်၊ လွှတ်သင့်သူ လွှတ်စေ” လို့မိန့်မှာပါသတဲ့။

ချစ်ခင်လေးစားအပ်သော မိတ်ဆွေ..။ ကျွန်တော်တို့မှာ ကိလေသာအကြမ်းစားတွေ အခံရှိနေလေတော့ တစ်စုံတစ်ခုမိမိကိုထိခိုက်လာတယ်လို့ထင်မြင်ယူဆလိုက်တဲ့အခါ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ အထွက်ပေါ်လာတတ်ကြပါသည်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်နောက်ခံ အကြောင်းအရင်းတွေထဲမှာ တရားခံဟာ “ သူ ” ပဲဖြစ်နေတတ်ပြီး “ မိမိ ” ရဲ့အပြစ်မရှိဘူးလို့ လည်းယူဆတတ်ကြပါတယ်။ သူ့ကြောင်း၊ ဒင်းကြောင့် .. ငါကဲ့သို့သောသူတို့များ စသည်ဖြင့် အတ္တမာန်မာန၊ ဒေါသမီးအဆိပ်တောက်လောင်ပျံ့နှံ့လာတဲ့ အခါမျိုးမှာ မပြောသင့်တာပြောမိ၊ မလုပ်သင့်တာလုပ်မိနဲ့။

နရသီဟပတေ့ကတော့ “ စောလုံ၊ စောင့်ပါခလှည့် ” လို့လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြည်တမ်းရေရွှတ်ခဲ့ဖူးပြီ။


Type the rest of your post here.

Image and video hosting by TinyPic

ဆက်လက်ဖတ်ရှုရန်...

wallpaper

မိမိကွန်ပျူတာအလှဆင်ဖို့ပါ...




Type the rest of your post here.

Image and video hosting by TinyPic

ဆက်လက်ဖတ်ရှုရန်...

FortiClient Security Suite Free 4.1.0.124

ဒီဆော့ဖ်ဝဲဟာလုံခြုံမှုမရှိတဲ့ကွန်ရက်များကို အသုံးပြုနေတဲ့ PC နဲ့လက်တော့များကို ကာကွယ်ပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။ Antivirus, Antispyaware, Personal Firewall, VPN , Web Filtering, Application Control နဲ့ WAN Optimization စတဲ့ feature တွေကိုအသုံးပြုနိုင်ပါသည်။ Fortinet FortiGuard လုံခြုံရေးဝန်ဆောင်မှုက ထုတ်လုပ်ထားတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော ဗိုင်းရစ်တိုက်ခိုက်မှုများကို update ပြုလုပ်ကာဖြေရှင်းနိုင်ပါသည်။

10.24 MB အရွယ်ရှိပြီး free dwonload လုပ်နိုင်တာရယ် ပြီးတော့ window 2003 ကနေပြီး windows 7 အထိသုံးနိုင်တွေကြောင့်စမ်းသုံးကြည့်ပါလို့အကြံပေးချင်ပါတယ်...

ဒီနေရာမှာ ဒေါင်းလုပ်ယူပါခင်ဗျာ..

ဆက်လက်ဖတ်ရှုရန်...

PC Mechanic

ကွန်ပျူတာပြင်မယ့်သူတွေအတွက် ကိုယ်တိုင်ကလိခြင်တဲ့သူတွေအတွက် ဒီစာအုပ်လေးက အဆင်ပြေအောင် ကူညီပေးမယ်ထင်ပါတယ်............

ဒီမှာ ဒေါင်းလော့လုပ်လိုက်နော်.......

ဆက်လက်ဖတ်ရှုရန်...

smily

:p –>:D –> :$ –> ;) –> :@ –> :# –> :k –> :x –> :o –> :O –> :L –> :r –> :s –> :y –> :~ –> :v –> :f –> :d –> :c –> :z –>

ဆက်လက်ဖတ်ရှုရန်...


kawai ဆိုတဲ့ဂိမ်းကလေးဟာတူရာတူရာကို အချိန်နှင့်အတူ အမှတ်တွေအများကြီးရအောင်ဆော့ရတဲ့ဂိမ်းကလေးဖြစ်ပါသည်။ ပြီးတော့ မိမိမျက်စိကိုဘယ်လောက်လျင်လဲဆိုတာကို စမ်းသပ်ပေးတဲ့ဂိမ်းလေးပါ။ ကလေးများတွင်မကဘူး၊ လူကြီးများအပျင်းပြေ ဆော့နိုင်တဲ့အတွက် လိုချင်တဲ့သူများဒီမှာဒေါင်းလော့လုပ်လိုက်နော်..............
http://www.ifile.it/dl

chess games
chess ထိုးတာဝါသနာပါတဲ့သူတွေအတွက်။ တော်တော်လေးတော့ကောင်းပါတယ်။ စဉ်းစားတာအကွက်စေ့သလို
တစ်ကောင်နဲ့တစ်ကောင်ကိုထောက်တာတွေက တော်တော်လေးပီပြင်တာမို့ chess ၀ါသနာပါသူတွေအတွက်
ကစားလို့ကောင်းမယ်လို့ထင်ပါတယ်...
ကစားချင်တဲ့သူတွေအတွက်ကဒီမှာဒေါင်းနော်...
http://ifile.it/5xzgip6/ChessMafia.exe


NuclearMotorcross

ဆိုင်ကယ်မောင်းတာဝါသနာပါတဲ့သူတွေ။ စိတ်ထဲရှိသလိုဆိုင်ကယ်စီးချင်တဲ့သူတွေအတွက်နော်
ကလေးတွေလည်းအကြိုက်တွေ့နိုင်တဲ့ဂိမ်းလေးပါ...
ဒီမှာဒေါင်းနော်...
http://ifile.it/ul9bw7a/NuclearMotocross.rar

ဆက်လက်ဖတ်ရှုရန်...

ဓါတ်ပုံများ




 


































ဆက်လက်ဖတ်ရှုရန်...

ဟာသများ

အလုပ်အချိန်ရှည်ကြာပါသလား
အလုပ်လျှောက်ထားသူလူငယ်ကပြောလိုက်၏။ “ ကျွန်တော်အလုပ်ကိုလက်မခံမီမေးစရာ မေးခွန်းတစ်ခုရှိပါတယ်။ အလုပ်ချိန်နာရီက ရှည်ကြာပါသလား ” အလုပ်ရှင်ကပြန်ဖြေလိုက်၏။ “ အင်း၊ ကျုပ်တို့ကတော့ တစ်နာရီမှာ မိနစ် (၆၀)ထက်ပိုကြာမသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်” 
 

အငှားသန်သူ
ရွာတစ်ရွာတွင် သူတစ်ပါးအသုံးအဆောင်ကိုငှားရမ်းသုံးစွဲရမှ ကျေနပ်သူရွာသားတစ်ဦးရှိလေသည်။ ၄င်းသည် အငှားအရမ်းသန်ရုံ သာမက(ငါးမရက ရေချိုးပြန်မည်)ဟူသော စိတ်ဓါတ်ရှိသူဖြစ်သည်။ တစ်နေ့တွင် ထိုရွာသားသည် အိမ်နီးချင်းမိတ်ဆွေတစ်ဦးထံ စက်ဘီးသွားငှားလေသည်။ အိမ်နီးချင်းမိတ်ဆွေကလည်း အငှားရမ်းထူသူကို မပေးချင်သဖြင့် စက်ဘီးကို လေလျှော့ထားလိုက်ပြီး---
`` အေးဗျာ။ ခင်ဗျားငှားမှပဲ စက်ဘီးလေလျော့နေတယ်။ ကျုပ်ကငှားချင်ပေမယ့် စီးလို့ရမှာမဟုတ်တော့ဘူး ``
ထိုအခါ အငှားအရမ်းထူသူရွာသားက ထိုသို့ပြန်ပြောလိုက်လေသည်။
`` လေလျော့နေလည်းအကြောင်းမဟုတ်ပါဘူး၊ ကျွန်တော်ကိုယ့်ဖော့ပြီးစီးသွားပါ့မယ် `` ဟူသတည်း။
(ရယ်မောရင်းနဲ့အပျင်းပြေပါစေ)


အချစ်ပြသာနာ
ကျောင်းသားနှစ်ဦးသည် အချစ်အကြောင်းကို ကျောင်းသွားရင်းနဲ့ဆွေးနွေးနေကြတယ်
ပထမကျောင်းသားက။ ချစ်ဆိုတာ ဘယ်လိုသဘောလဲမင်းသိလား
ဒုတိယကျောင်းသားက။ အချစ်ဆိုတာ ခိုးသောက်လေ့သောက်ထရှိတဲ့ ဘီအီးလိုပဲကွ။ ပထမတစ်ခွက်သာနံသလိုရှိပြီး အ၀င်ဆိုးပေမယ့် နောက်တစ်ခွက်ကတော့ သောက်ရင်းအရှိန်ရသွားတာပေါ့ကွာ။ အဲသလိုပါပဲ ဟုဖြေလိုက်လေသည်။


ရေသွားဆေးလိုက်ပါ့မယ်
ရုံးတစ်ရုံးတွင်ဖြစ်သည်။ ကဗျာယောင်ယောင် စာယောင်ယောင် ၀ါသနာထုံလေသော ရုံးစားရေးကြီးတစ်ဦးရှိလေသည်။ တစ်နေ့တွင် သူရုံးမှ တာဝန်ထမ်းဆောင်နေသော ရုံးအကူနှစ်ယောက်ကို ထိုသို့မေးလေသည်-
ရုံးအုပ်။ နိုင်ဦးတပည့် ငါရေးထားတဲ့ကဗျာကိုဖတ်ပြီးမင်းရဲ့ အမြင်နဲ့ခံစားရမှုကိုပြောပါအုံး
နိုင်ဦး။ ကျွန်တော်ဖတ်ကြည့်တာ ဘာမှနားမလည်ဘူး ဆရာရ
ရုံးစာရေး။ မင်းကအနုပညာနဲ့ အတော်အလှမ်းဝေးတာပဲ။ သွား..ရုံးအိမ်သာကို ရေသွားဆေး။ ထွန်းနိုင်မင်းဖတ်ပြီးရင် မင်းအမြင်ကိုပြောပြစမ်းကွာ
ထွန်းနိုင်။ ရုံးအိမ်သာကိုပဲရေသွားဆေးလိုက်ပါတော့မယ်ဆရာရေ
ရုံးစာရေး။ ဟေ.........

မြကန်
ကျောင်တစ်ကျောင်းတွင်ဖြစ်သည်။ သင်တန်းနည်းပြဆရာသည် ကျန်စစ်သားမင်းကြီး၏ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကိုစိတ်ပါလက်ပါပြောကြားနေသည်။ ပြည်သူများအတွက် ဆည်မြောင်းတာတမံများတူးဖော်ရာတွင် မြကန် အကြောင်းကို အထူးပြုပြောကြားသည်။ ထိုအချိန်တွင် သင်တန်းသားတစ်ဦးအိပ်ငိုက်နေသည်ကိုမြင်သွားသဖြင့်
နည်းပြဆရာက သင်တန်းသား ထစမ်း မြကန်ကိုဘယ်သူတူးတာလဲ ဟုမေးတော့ သင်တန်းသားက ဟို..ဟို.. ရွာသားတွေပါဆရာ လို့ဖြေလိုက်လေသည်။


အမြင်မှန်
ကျောင်းသားနှစ်ယောက် လေယာဉ်ပျံဖြတ်သွားတာကိုကြည့်ရင်း စကားပြောနေကြတယ်
ပထမကျောင်းသားက “ ဒီလောက်လေးတဲ့သံတုံး၊ သံခဲတွေကို မိုးပေါ်ပျံအောင်တီထွင်နိုင်တဲ့ သူတွေကိုငါတော့ချီးကျူးတယ်။ အံ့လည်းအံ့သြတယ်ကွာ...”
ဒုတိယကျောင်းသားက “ ဘာအံ့သြစရာရှိလဲကွာ စက်ရုံတည်ပြီးလူအများကြီးနဲ့တည်ဆောက်ခဲ့တာပဲ။ ငါအံ့သြတာက လေယာဉ်မှူးတွေပဲ။ သူတို့မှာ ဘာမှမပါဘဲလေယာဉ်တစ်စီးလုံးကို မိုးပေါ်ဆွဲတင်သွားတာ....”

လက်ကွက်မြန်သူ
တစ်ခါကကွန်ပျူတာကိုသင်တန်းတက်နေတဲ့သူငယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်..
ပထမသင်တန်းသားက “ မင်းဘေးနားကကောင် ကွန်ပျူတာလက်ကွက်တော်တော်မြန်တယ်ဆို...
ဒုတိယသင်တန်းသားက “ မြန်သလားတော့မမေးနဲ့ Keyboard ပေါ်တစ်ချက်ရိုက်ရင် အက္ခရာငါလုံးောက်ထွက်တယ်။
ပထမသင်တန်းသားက “ တယ်ဟုတ်ပါလားကွ ”
ဒုတိယသင်တန်းသားက “ ဒါပေမယ့်တစ်ချက်ရိုက်ပြီးတိုင်း BackSpace ကို(၄)ချက်လောက်ပြန်နှိပ်ရတယ်လေ”ဟုဆက်ပြောလိုက်လေသည်။

သား၏အဖြေ
နားရောဂါကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသူ ဖခင်ဖြစ်သူက သားငယ်၏ရည်မှန်းချက်ကို သိလိုသဖြင့်....
ဖခင် “ သားကြီးလာရင် ဘာလုပ်မလဲ ”
သား “ ဆရာဝန်ကြီးလုပ်မှာပေါ့ ”
ဖခင် “ ဒါမှငါ့သားကွ၊ ဖအေတူသား ”
သား “ ဒါပေမယ့် ဖေဖေ့လိုတော့နားရောဂါကုဆရာဝန်မလုပ်ဘူး။ သွားရောဂါကုဆရာဝန်ပဲလုပ်မယ် ”
ဖခင် “ ဟေ ဘာဖြစ်လို့လဲ ”
သား “ သွားက သုံးဆယ်နှစ်ချောင်းတောင် နားကနှစ်ဖက်တည်း ”

ဆက်လက်ဖတ်ရှုရန်...

အထွေထွေ

အချိန်နှင့်နယူတန်
သာမန်လူများအတွက်ရယ်စရာတစ်ခုဟုဆိုနိုင်မယ့် မေးခွန်းတစ်ရပ်သည် ရူပဗေဒ ပညာရှင်ကြီးများကို ခေါင်းကိုစေလျက် ရှိပါသည်။ ထိုမေးခွန်းကား အခြားမဟုတ်ပါ။ ` အချိန်သည် နောက်ပြန်သွားနိုင်သလား ´ ဆိုတေသာမေးခွန်းဖြစ်ပါသည်။ နောက်ဆုံးပေါ်ခေတ်မီလှပါသည်ဆိုသော သိပ္ပံပညာသည်ဤမျှရိုးရှင်းသည်ဟု ယူဆရန်ရှိသော အချိန်၏` တစ်လမ်းသွားဖြစ်မှု ´ ကိုခိုင်လုံသော သီအိုရီဖြင့်သက်သေမပြနိုင်သေးပေ။
` ဘာကြောင့် အချိန်သည် နောက်ပြန်မသွားနိုင်သလဲ ´ ဆိုသော ပြသနာသည်လွန်ခဲ့သောနှစ်(၃၁၀)က စတင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်(၃၁၀)က အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီး ` ဆာအိုင်ဖက် နယူတန် ´ သည် သူ၏ကမ္ဘာကျော် ` ပရင်စီပီယာ ´ ကျမ်းကြီးကိုထုတ်ဝေခဲ့ပါသည်။ ဤကျမ်းကြီး ပေါ်ပေါက်ခဲ့သည်မှစ၍ လူ့ယဉ်ကျေးမှု သမိုင်းသည် တဟုန်တိုးပြောင်းလဲတိုးတက်လာခဲ့သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ မျက်မှောက်ခတ် သုံးစွဲနေသောမော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံမှအစ ယနေ့ခတ်ထိတိုးတက်နေသော သိပ္ပံပညာရပ်များသည် နယူတန်တီထွင်ခဲ့သည့် မက္ကင်းနစ်ပညာ၏ကျေးဇူးနှင့်မကင်းပါ။ နယူတန်၏ မက္ကင်းနစ် သဘောတရားသည် အမြောက်ကျည်ဆံ၏ပျံသန်းမှုလမ်းကြောင်းမှအစ ကမ္ဘာနှင့်တကွ ဂြိုလ်များ၏နေပတ် လမ်းကြောင်းများကိုတွက်ချက်အဖြေထုတ်ပေးနိုင်သည်။ သို့ရာတွင် အံ့သြဖို့ကောင်းသည်မှာ နယူတ်၏မက္ကင်းနစ် သီအိုရီသည် ရှေ့သို့သာတစ်လမ်းတည်းသွားတတ်သော အချိန်၏မဖောက်မပြန်မှန်ကန်သည့် သတ္တိကို မလိုက်နာခြင်းပင်ဖြစ်သည်။ ထပ်မံရှင်းလင်းရသော် နယူတန်၏သီအိုရီတွင် အချိန်သည်အတိတ်နှင့် အနာဂတ်သို့ သွားသွား၊ အနာဂတ်မှအတိတ်တို့ပြန်ပြန်၊ ပြောင်းလဲထူးခြားမှုမရှိခြင်းပင်ဖြစ်သည်။ နယူတန်၏ ပညာအရ ကမ္ဘာမြေကြီး၏လက်ရှိတည်နေရာကို တွက်နိုင်သိနိုင်၏။ ထို့အတူ အချိန်နောက်ပြန်လှည့်ကြည့်ငြားအံ့။ ပြီးခဲ့သောတစ်နာရီကဖြစ်စေ၊ (သို့မဟုတ်) ပြီးခဲ့သောနှစ်တသန်းကဖြင့်စေ ကမ္ဘာရှိခဲ့သောတည်နေရာကိုလည်း အလားတူတွက်နိုင်သိနိုင်ပေ၏။ ဤသို့ဖြစ်ထင်ရှားလှသော နယူတန်၏ ထင်ရှားလှသောမက္ကင်းနစ်သည် အချိန်နောက်ပြန် ပြန်နိုင်သောသီအိုရီဖြစ်လျက်ရှိပေသည်။

အချိန်နှင့်အိုင်စတိုင်း
လူသားတို့၏အာရုံခြောက်ပါးနှင့် ခံစားသိရှိနိုင်သော စကြာဝဌာကြီးကို အလျား၊ အနံ၊ ထုသုံးဘက်မြင် လောကမှအချိန်အပါအ၀င် လေးဘက်မြင်အဖြစ်စတင်တွေးခေါ်ဖော်ထုတ်ခဲ့သူမှာ ကမ္ဘာကျော်သိပ္ပံပညာရှင် အိုင်စတိုင်းဖြစ်ကြောင်းအများကအသိပင်ဖြစ်သည်။ အချိန်မပါဘဲ ဟင်းလင်းပြင်သက်သက်ကိုသာ စဉ်းစား၍ မရနိုင်ကြောင်းအိုင်စတိုင်းကဖော်ထုတ်ခဲ့သဖြင့် အချိန်သည် စတုတ္ထဒိုင်မင်းရှင်းဖြစ်လာခဲ့ပါသည်။ သို့ရာတွင် အိုင်စတိုင်း၏ကမ္ဘာကျော် ` ရီလေတီဗီတီ ´ သီအိုရီကိုယ်နှိုက်ကပင် နယူတန်၏မက္ကင်းနစ်ကို အခြေခံတည် ဆောက်ရခြင်းဖြစ်သဖြင့် ` ရီလေတီဗီတီ ´ သီအိုရီသည်လည်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီဖြစ် လျက်ရှိပေသည်။ အိုင်စတိုင်းနှင့်အလားတူ သိပ္ပံပညာရှင်ကြီးမက္ကဆွဲ၏ကမ္ဘာကျော် လျှပ်စစ်သံလိုက်သီအိုရီသည် လည်းကောင်း၊ ကွမ်တပ်မက္ကင်းနစ်သီအိုရီသည်လည်းကောင်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီများ ဖြစ်လျက်ရှိလေသည်။ ဤသို့ဖြင့် ရူပဗေဒပညာရပ်၏ သမ္မာကျမ်းစာများသဖွယ် ကြီးကျယ်ခိုင်ခန့်လှသော သီအိုရီကြီးများသည် အချိန်နှင့်ပတ်သက်၍ ဘ၀င်မကျနိုင်စရာဖြစ်လျက်ရှိပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြရန်ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်ပညာရှင်ကြီးတစ်ဦးအား သုတေတီတစ်ဦးက မေတ္တာရပ်ခံသောအခါ ထိုပညာရှင်ကြီးက ` ဒီပြသာနာကို မစဉ်းစားဘဲတတ်နိုင်သမျှရှောင်တာအကောင်းဆုံးပဲ ´ ဟုသာ ပြန်လည်ဖြေဆိုနိုင်ခဲ့သည်။
အိုင်စတိုင်း ကိုယ်တိုင်သည်ပင်လျှင် အချိန်၏ပဟေဌိကိုအဖြေမညှိနိုင်သည့်အတွက် အတွေးအခေါ် ချွတ်ချော်တိမ်းမှားသွားခဲ့ပုံရသည်။ တစ်ခါက သူ၏ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမစ်ချယ်ဘက်ဆို ကွယ်လွန်ချိန်တွင် ဘက်ဆို၏နှမဖြစ်သူထံသို့အိုင်စတိုင်းက ဤသို့စာတစ်စောင်ရေးခဲ့ဖူးသည်။
မစ်ချယ်ကတော့ ဤဆန်းပြားပွေလီတဲ့ လောကကြီးကနေကျုပ်ထပ်အရင်စောပြီး ထွက်ခွာသွားနှင့်ပြီ။ သို့သော်လည်း စောတယ်၊ နောက်ကျတယ်ဆိုတာဟာဖြင့် သိပ်တော့အရေးမပါလှပါ။ ဘာလို့လဲဆိုတော့ အတိတ်၊ ပစ္စုပန်၊ အနာရတ်ဆိုတာတွေဟာ ကျုပ်တို့လို ရူပဗေဒသမားတွေအတွက်တော့ တစ်ခုနှင့်တစ်ခု ဘာမှမကွဲပြားမခြားနားတဲ့ အာရုံ့ရဲ့လှည့်စားမှုသက်သက်မို့ပါပဲ….

အချိန်နှင့်သာမိုဒိုင်းနမစ်
အောက်စဖို့ဒ်တက္ကသိုလ်မှ သင်္ချာပညာရှင်ရောဂျာပင်ရို့စ်ကမူ အိုင်စတိုင်း၏ အတွေးအခေါ်ကို လက်သင့်မခံခဲ့ပေ။ ပင်ရို့စ်က ရှေ့သိုသာတစ်လမ်းတည်းသွားတတ်သောအချိန်ကို ရူပဗေဒက ရှင်းမပြနိုင်သေး သောသဘာဝတရား၏ မြားခုနှစ်စင်းအဖြစ်တွေးခေါ်ဖော်ထုတ်ခဲ့ပါသည်။ ဤဆောင်ပါးတွင် ပင်ရို့စ်၏ မြားခုနှစ်စင်းစလုံးကိုရှင်းပြရန်အခွင်မသာသော်လည်း ` အင်ထရိုပီမြား ´ ဟုအမည်ပေးထားသော သတ္တမမြား အကြောင်းအကျဉ်းမျှတင်ပြသွားပါသည်။ အင်ထရိုပီသည် `စနစ်တစ်ခု၏ ဖရိုဖရဲဖြစ်မှုအတိုင်းအတာ ´ အဖြစ်စဉ်းစားလျှင်နားလည်းရန်အရှင်းဆုံးဖြစ်သည်။ လက်ပတ်နာရီတစ်လုံး၏ စနစ်သည် လက်မှာပတ်ထားစဉ်တွင် အစီအစဉ်အကျဆုံးဖြစ်ပြီးလက်မှလွတ်ကျပြီး ကလီစာများ တစ်စစီပြန့်ကြဲနေစဉ်တွင် ဖရိုဖရဲအဖြစ်ဆုံးဖြစ်ပါသည်။ အင်ထရိုပီစကားဖြင့် ပြောရလျှင် လက်မှာပတ်ထားစဉ်တွင် နာရီ၏ အင်ထရိုပီသည် အနိမ့်ဆုံးဖြစ်ပြီး လွတ်ကျ၍ကွဲသွားစဉ်တွင် နာရီ၏အင်ထရိုပီသည် အမြင့်ဆုံးဖြစ်ပါသည်။
ထင်ရှားကျော်ကြားသော သာမိုဒိုင်းနမစ်၏ ဒုတိယဥပဒေသက `အင်ထရိုပီသည် အမြင့်ဆုံး အခြေအနေသို့ရောက်အောင် အစဉ်အမြဲတိုးတက်ပွားစီးလျက်ရှိသည်´ ဟု ဆိုပါသည်။ ရေသည်မြင့်ရာမှ နိမ့်ရာသို့အစဉ်စီးဆင်းကဲ့သို့ အင်ထိရိုပီသည် နိမ့်ရာမှ မြင့်ရာသို့ အစဉ်တိုးပွားလျက်ရှိပါသည်။ ဘာကြောင့်အင်ထရိုပီဤသို့အစဉ်အမြဲမြင်တက်နေရသည်ကိုမူ ယနေ့တိုင်သိပ္ပံပညာကခိုင်ခိုင်လုံလုံ မရှင်းပြနိုင်သေးပေ။ သို့ရာတွင် လက်မှလွတ်ကျ၍တစ်စစီကွဲကြောင်းကိုတော့ လူတိုင်းလက်ခံကြပါသည်။ အင်ထရိုပီသည် ရှေ့သို့သာအစဉ်အမြဲတိုးပွားနေသကဲ့သို့ အင်ထရိုပီ၏မြားဦးလှည့်ရာအတိုင်း အချိန်၏ မြားဦးသည်လည်း ရှေ့သို့သာတစ်လမ်းတည်းသွားလျက်ရှိလေသည်။ အင်ထိရိုပီသည်မြင့်ရာမှ နိမ့်ရာသို့ ပြန်မဆင်းနိုင်သကဲ့သို့ အချိန်သည်လည်းအနာဂတ်မှ အတိတ်သို့နောက်ကြောင်းပြန် မသွားနိုင်ပေ။ ဤကား ပင်ရို့စ်ရှင်းပြသော အချိန်၏သတ္တမမြားအကြောင်းဖြစ်ပါသည်။


ရာဇ၀င်တွင်လောက်သောအချစ်များ
ရာဇ၀င်တွင်လောက်သော အချစ်များအကြောင်း ကျွန်တော်တို့ဖတ်ကြရသည်။ ဟယ်လင်ကို ချစ်သည့် အတွက်မိမိတိုင်းပြည်တစ်ပြည်လုံးကို မီးဟုန်းဟုန်းအတောက်ခံသည့် ထရွိုင်မြို့သား ပဲရစ်၏အချစ်၊ မတ်ခ်အန်ထနီ သေပြီထင်၍မြွေပခြုပ်ထဲလက်ထည့်ကာ အသေခံသည့်ကလီးယိုပါးထရာ၏အချစ်၊ မဏိစန္ဒာကို ချစ်သည့်စိတ်အတွက်လက်ပြန်ကြိုးအတုပ်ခံကာ အရိန္ဒမာလှံနှင့်အထိုးခံသည့် ကျန်စစ်သား၏အချစ်..စသည့် ရာဇ၀င်တွင်လောက်သောအချစ်များအကြောင်း ဖြစ်ပါသည်။ သို့ရာတွင်ဤနေရာတွင်တင်ပြမည့် အချစ်သည် ထိုအချစ်များကဲ့သို့ ပြင်းပြစူးရှသည့်ရမ္မက်ဇောပြင်းထန်သော အချစ်မျိုးမဟုတ်ဘဲ ကြားနရသူများစိတ်နှလုံး ညွှတ်နူးဖွယ်ကောင်းလောက်အောင် ချစ်ကြင်နာသော တဏှာပေမကင်းသည့်အချစ်မျိုးဖြစ်ရာ တစ်ပုဒ်ကသားအဖ အချစ်ဖြစ်ပြီး၊ နောက်တပုဒ်ကညီအစ်ကိုအချစ်ဖြစ်ကာ နောက်ဆုံးတစ်ပုဒ်က သခင်နှင့် ကျွန်အချစ်ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် ကြီးကျယ်ထင်ရှားသောပုဂံပြည်ကြီးပျက်သုန်းပြီးနောက် ပင်းယမင်းဆက်ကို စတင်တည်ထောင်သော တစ်စီးရှင် သီဟသူမင်းကြီးအကြောင်းကြားဖူးသူများပါသည်။ သို့ရာတွင် သီဟသူမင်းကြီးက သားအပေါ်ထားရှိသော ချစ်ချင်းမေတ္တာ၏အတိုင်းအရှည် ပမာဏကိုကားကျကျနန ကြားဖူးကောင်းမှကြာဖူးပေလိမ့်မည်။
သီဟသူမင်းတွင် သား(၄)ယောက်ရှိသည်။ အကြီးဆုံးသားတော်သည် ပုဂံပြည်၏နောက်ဆုံးမင်းဖြစ်သူ နန်းကျကျော်စွာ၏မိဖုရား မိစောဦးကို ၀မ်းတွင်းပဋိသန္ဓေသုံးလနှင့် သီဟူမင်းယူ၍ တောင်နန်းမိဖုရားမြောက်ရာမှ ဖွားမြင်သော ဥဇနာဖြစ်သည်။ ထို့ကြောင်သားတော်ကြီး ဥဇနာသည် သီဟသူ၏သားအရင်းမဟုတ်ပေ။ သို့ရာတွင် သီဟသူက သားအရင်းကဲ့သို့ပင်ချစ်ကာ အိမ်ရှေ့မင်းသားအရာကိုပေးသည်။ ဒုတိယနှင့် တတိယ သားတော်များသည် သီဟသူနှင့် မိဖုရားမိစောဦးတို့မှမြင်သည့် ကျော်စွာ(နောင်တွင်ငါးစီးရှင်ကျော်စွာ)နှင့် နော်ရထာဖြစ်သည်။ စတုတ္ထသားတော်သည် မြောက်နန်းမိဖုရားမှ မြင်သည့် အသင်္ခယာစောယွမ်းဖြစ်သည်။ (မြောက်နန်းမိဖုရားသည် မဟာမျိုးနွယ်မဟုတ်ဘဲ သာမန်အရပ်သူတစ်ဦးသာဖြစ်သည်။)
တစ်နေ့တွင် တစ်စီးရှင်သီဟသူက သားတော်တို့တွင်ရှိသော အင်အားအလုံးအရင်းကိုသိလို၍ အိမ်ရှေ့မင်းဥဇနာကိုခေါ်ကာ သားတော်ဝယ် ဆင်မြင်းအလုံးအရင်းမည်မျှရှိသလဲဟုမေးသည်-
ထိုအခါ ဥဇနာက
`ကျွန်တော်တွင် ကြောင်းချည်းထသော် တိုက်ဆင်(၁၀၀)၊ မြင်း(၈၀၀)၊ ချပ်ဝတ်တန်ဆာနှင့်တကွ သူရဲကောင်း(၁၀၀၀၀)ရ၏´ ဟုလျှောက်ရာ မင်းကြီးအလွန်အားရသွားသည်။
တစ်ဖန်သားတော်အလတ် ကျော်စွာကိုလည်းခေါ်၍မေးမြန်းရာ ကျော်စွာက --
` ကျွန်တော့်တွင် လွတ်ချည်းထသော် တိုက်ဆင်(၈၀)၊ မြင်း(၆၀၀)၊ ရွှေကာကိုင်သောသူရဲကောင်း (၁၀၀၀၀)ရ၏´ ဟုလျှောက်ရာခမည်းတော်က --
` ငါ့သားတော်တို့တွင်ရှိသော အလုံးအရင်း၊ ဆင်း၊ မြင်း၊ ဗိုလ်ပါနှင့် လုပ်ကြံရသည်ရှိသော် အဘယ်ပြည်ထေင်သည်ခံနိုင်မည်နည်း ´ ဟုချီးမွမ်းလေသည်။
ထိုနောက် မြောက်နန်းမိဖုရားတွင်မြင်သော သားတော်အငယ်အသင်္ခယာစောယွမ်းကို ခေါ်၍မေးမြန် တော်မူရာစောယွမ်းက --
` ကျွန်တော်ရှင်အရည်းတိုးကိုပစ်၍ အထိန်းသားနှင့်သော် ရှစ်ကျိပ်သာရှိ၏ ´ ဟူ၍လျှောက်ရာ ခမည်းတော်က --
` ငယွမ်းငယ်--ငါမရှိလျှင်နင့်ကို သူညှဉ်းဆဲစရာဖြစ်လေတော့မည်။ နင့်အစ်ကိုတို့ရှိသောကြောင့် နင့်ကိုငါဆင်ကောင်းမြင်းကောင်၊ အလုံးအရင်းမပေးသာ။ ဆင်၊ မြင်း၊ အလုံးအရင်း၊ စားကျေးစားလက်ကိုလိုသော် နင့်အစ်ကိုတို့ကိုရှေ့နေခေါ်၍ ငါ့ကိုလျှောက်လှည့် ´ ဟုသင်ပေးလိုက်သည်။
စောယွမ်းလည်း နောင်တော်ဥဇနာနှင့် ကျော်စွာတို့ဆီသွား၍..
` ကျွန်တော့်တွင် ဆင်မြင်းအလုံးအရင်ူးမရှိပါ။ ခမည်းတော်ဘုရားကို အရှင့်သားနှစ်ပါး နားတော်လျှောက် ပါသည်ဖြစ်မှကျွန်တော်ရပါမည်´ ဟုလျှောက်သည်။
နောင်တော်နှစ်ပါးလည်း ညီတော်ကိုခေါ်၍ ခမည်းတော်နန်းတော်သို့သွားကာ စောယွမ်းတွင် အလုံးအရင်း ဆင်မြင်းမရှိ၍ပေးသနားတော်မူပါဟု လျှောက်ကြသည်။
ထိုအခါ ခမည်းတော်က …
` ငယွမ်းငယ်သည် ဆင်မြင်အလုံးအရင်းနှင့်အရာမဟုတ်။ သို့ရာတွင် ငါ့သားတို့ပေးလိုက ယူစေကာမူ´ ဟုဆိုသည်။ စောယွမ်းလည်းခွင့်ရပြီးလျှင်ကောင်းနိုးရာရာအလုံးအရင်း ဆင်မြင်းတို့ကို ရွှေးချယ်၍ယူသည်။ ထို့နောက်နောင်တော်တို့အိမ်သို့ နောက်တစ်ကြိမ်သွားကာ..
` အရှင်သားနှစ်ပါးရှေ့ရပ်တော်မူ၍ လျှောက်လေသောကြောင့် အလုံးအရင်းဆင်မြင်းကား ကျွန်တော်ရပေပြီ။ စားကျေးစားလက်ကားမရပါသေး။ ရှေ့ရပ်တော်မူ၍ စစ်ကိုင်းအရပ်ကိုသနားတော်မူပါမည့် အကြောင်းကိုခမည်းတော်ကို နားတော်လျှောက်ပေးပါ ´ ဟုလျှောက်ပြန်သည်။ နောင်တော်နှစ်ပါးလည်း ညီတော် ကိုခေါ်၍ခမည်းတော်နန်းတော်သို့သွားပြိး စောယွမ်းသည်ဆင်မြင်အလုံးအရင်းရှိပြီဖြစ်သော်လည်း စားကျေးစားလက်မရှိသေးသဖြင့် မြက်ရေကောင်းသော စစ်ကိုင်းအရပ်ကိုသနားတော်မူပါဟု လျှောက်ကြသည်။
သို့အခါ ခမည်းတော်မင်းကြီးက..
` ငယွမ်းငယ်သည် သားတို့လျှောက်၍ဆင်မြင်းအလုံးအရင်းပေးတော်မူပြီး စားကျေးစားလက်ပေး တော်မူလျှင်သင်းငါ့ကိုပုန်ကန်သောင်းကျန်းအံ့သည် ´ ဟုမိန်တော်မူရာ သားတော်နှစ်ပါးက..
`သင်းမျှသသူသည် ကျွန်တော်တို့ရှိသည်ကိုဝံ့ရာသည်လော ´ ဟုလျှောက်သည်။
ခမည်းတော်က..
` ငါကားမပေး။ ငါ့သားတို့ပေးလိုက ယူစေကာမူ ´ ဟုဆိုသည်။
အသင်္ခယာစောယွမ်းလည်း အလုံးအရင်းဆင်မြင်း၊ စားကျေးစားလက်ရပြီးနောက် သက္ကရာဇ်(၆၈၄)ခုနှစ် တွင်စစ်ကိုင်း၌မြို့သစ်တည်၍ သက္ကရာဇ်(၆၈၅)ခုနှစ်တွင် အုန်မြို့တည်ကာ မြောက်ဘက်အလုံးကို လက်နက် နိုင်ငံပြု၍ခြားနားလေသည်။ ထိုအခါတစ်စီးရှင်သီဟသူသည် သားငယ်အသင်္ခယာစောယွမ်း၏ လုပ်ရည်ကြရည်ကို သိလို၍ သားတော်အကြီးဥဇနာကိုခေါ်ကာ..
`ငါ့သားတို့လျှောက်သောကြောင့် ငယွမ်းငယ်ကိုအလုံးအရင်းဆင်မြင်းပေးတော်မူသည်။ ရပြီးလျှင် ငါကခေါ်စေတော်မူသည်ကို မလာ။ အခိုင်နေသည်။ အမောင်အလုံးအရင်းနှင့်သွားရောက်ပြိး သင်းတို့လင်မယားကိုယူချေ။ ဆင်မြင်းဗိုလ်ပါကိုကားထားခဲ့ဟု ´ မိန့်သည်။
သားတော်ဥဇနာလည်းအလုံးအရင်းဆင်မြင်းအများနှင့် ရွှေကြက်ယက်သို့ကူးသည်။ ထိုအခါခမည်းတော် တစ်စီးရှင်က…
` ငယွမ်းငယ်..နင့်အစ်ကို ဥဇနာလာ၏။ ကောင်းကောင်းထောင်ထားနှင့်´ ဟူ၍လူလွှတ်ပြီးမှာသည်။
အသင်္ခယာစောယွမ်းလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်၍ နောင်တော်မြစ်အကူးတွင် ဆီး၍တိုက်လေရာ နောင်တော်၏တပ်ပျက်လေသည်။ ဥဇနာလည်းတပ်ပျက်လေလျှင် ပင်းယသို့အဆောတလျင်ပြန်လာသည်။ ခမည်းတော် တစ်စီးရှင်က သားတော်ဥဇနာတပ်ပျက်၍ပြန်လာကြောင်းကြားလျှင် အခေါ်လွတ်၍မေးတော် မူသည်။ ဥဇနာက မြစ်အကူးတွင်ဆီး၍တိုက်ခံရသောကြောင့်တပ်ပျက်ခဲ့ကြောင်းလျှောက်လျင် ခမည်းတော်က `ထွီ´ ဟူ၍ ကဲ့ရဲ့လေသည်။
သားတော်အကြီးတပ်ပျက်လျှင် မင်းကြီးကသားတော်အလတ်ပင်လယ်စား ကျော်စွာကိုပင်လယ်မြို့မှ ခေါ်၍…
`ငယွမ်းငယ်သည် အမောင်တို့လျှောက်၍အလုံးအရင်းပေးတော်မူလျှင် ငါကခေါ်သည်မလာနေသော ကြောင့်အိမ်ရှေ့ဥဇနာကို ခေါ်စေသော်လည်း ဆီး၍တိုက်လေသည်။ အမောင်သွား၍ သင်းတို့လင်မယားကို ဖမ်းယူချေ။ ဗိုလ်ပါဆင်မြင်းကိုကားထားခဲ့´ ဟုမိန့်သည်။
ကျော်စွာလည်း အလုံးအရင်းဆင်မြင်းအများနှင့် တပယ်ထောက်ရစ်ကကူးသည်။ ထိုအခါ ခမည်းတော် တစ်စီးရှင်က…
`ငယွမ်းငယ် နင်အစ်ကိုကျော်စွာ တပယ်ထောက်ရစ်ကကူးလာ၏ အရပ်အနေသင့်အောင် စီရင်နှင့် ´ ဟူ၍ လူလွှတ်ပြီးမှာသည်။
ကျော်စွာလည်း စစ်ကိုင်းဘက်သို့ရောက်လျှင် စောယွမ်းကမြေနေရာအကျဉ်းဝယ် ဆီး၍တိုက်သောကြောင့် တက်ပျက်ပြန်သည်။ တပ်ပျက်လျှင်ကျော်စွာလည်းပင်းယသို့ခုံတမင်ပြန်လာသည်။ ခမည်းတော်ကမေးတော် ကျော်စွာက မြေနေရာကျဥ်းဝယ်ဆီး၍တိုက်ခံရသောကြောင့် တပ်ပျက်ခဲ့ကြောင်း လျှောက်လျင်ခမည်းတော်က`ထွီ´ဟူ၍ကဲ့ရဲ့လေသည်။ ရာဇ၀င်ထဲတွင်ဖော်ပြထားသည်မှာ ` ထိုနေ့မှစ၍ သားတော်အသင်္ခယာစောယွမ်းကို နှလုံးချတော်မူ၏။ တစ်စီးရှင်သီဟသူကားအလွန်တတ်သိလိမ္မာတော်မူ၏။ သားတော်တို့တွင်လွန်၍ချစ်ငြားသော်လည်း ၀မ်းမနည်းရအောင်ကျင့်တော်မူ၏။´ ဟူ၍ဖြစ်လေသည်။ ထီးနန်းစည်းစိမ်အတွက်သားကအဖေကိုသတ်(ပြည်စားသီဟူက အဆိပ်ခတ်ထားသောစားတော်ကို ခမည်းတော် နရပတေ့မင်းအားအတင်းအျက်စားခိုင်းပြီးသတ်သည်။)အဖေကသားကိုသတ်(ရာဇဓိရာဇတ်ကသားတော် ဗောလောကျန်းတောကို ပုန်ကန်မည်ထင်မှား၍ သတ်သည်။)ထိုခေတ်ထိုအခါမျိုးဝယ် တစ်စီးရှင်သီဟသူက သားငယ်အသင်္ခယာစောယွမ်းအပေါ်ထားရှိသော ဖခင်၏အချစ်ကားစိတ်နှလုံး ညွှတ်နူးဖွယ်ကောင်းလှပါသည်။

ဆက်လက်ဖတ်ရှုရန်...

ဓမ္မရသစာများ

ကိုယ့်အတတ်နဲ့ကိုယ့်စူး၊ ကိုယ်ပါအရူးဖြစ်စေသတည်း
တာနိုပေါဆိုသည့်မြို့တွင် ရက်ဖ်ဖိုင်ဗယ်ဆိုသည့် ပုဂ္ဂိုလ်တစ်ယောက်နေထိုင်၏ ။ တစ်ရက်တွင် သူသည် ဂျူးလိုမျိုးတို့၏ရှေးဟောင်းဓလေ့ကျမ်းများကို စိတ်ပါဝင်စားစွာဖတ်ရှုနေခိုက် အပြင်ဘက်မှကျလောင်သော အသံတစ်သံကိုကြားလိုက်ရလေ၏။ ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ရာ နောက်ပြောင်လေ့ရှိသည့်ကလေးတစ်သိုက်ကိုတွေ့လိုက်ရလေ၏။ “ ဒီကလေးတွေဟာ ငါ့ကိုတစ်နည်းနည်းနဲ့ ဒုက္ခပေးကြတော့မှာပဲ ” ဟုတွေးလိုက်မိလေ၏။
 သူကပြတင်းပေါက်မှကိုယ်ကိုကိုင်းပြီးထွက်လိုက်ကာ “ ဟေ့...ကလေးတွေ၊ ဘုရှားရှိခိုးကျောင်းဆီကိုခပ်မြန်မြန်ပြေးကြစမ်း။ အဲဒီသတ္တ၀ါကြီးတစ်ကောက်ရောက်နေတယ်။ အဲဒီသတ္တ၀ါကြီးမှာ ခြေထောက်ငါးချောင်း၊ မျက်စိသုံးလုံးနဲ့ အစိမ်းရောင်မုတ်ဆိတ်မွေးတွေရှိနေတယ်ကွ” ဟုအော်ပြောလိုက်လေ၏။
 ထိုတွင်ကလေးများသည် အပြေးအလွှားထွက်ပြေးကြသဖြင့် ရက်စ်ဖိုင်ဗယ်သည် စိတ်အေးချမ်းသာစွာနှင့် ၄င်းစာအုပ်ကိုပြန်ဖတ်နိုင်ခဲ့လေသည်။ သူကထိုလူနောက်ကလေးများအပေါ်တွင် လှည့်စားနိုင်သည့်လှည့်ကွက်ကိုပြန်တွေးမိပြီး ပြုံးလိုက်မိလေ၏ သူ့အနေနှင့် ကြာကြာစာမဖတ်လိုက်ရပါ။ မကြာခင်ပြေးလွှားနေကြသည့် ခြေသံများကိုကြားလိုက်ရပြန်သည်။ သူကပြင်တင်းပေါက်သို့သွားပြီးကြည့်လိုက်ရာ ဂျူးလူမျိုးအများအပြားပြေးလွှားနေကြသည်ကိုမြင်လိုက်ရလေသည်။ သူကအော်ဟစ်ပြီးမေးလိုက်သည်-
   ခင်ဗျားတို့က ဘယ်နေရာကိအပြေးအလွှားသွားနေကြတာလဲ ”
  “ ဘုရားရှိခိုးကျောင်းကိုသွားနေကြတာဗျ။ ခင်ဗျားမကြားမိဘူးလား။ အဲဒီမှာရေသတ္တ၀ါကြီးတစ်ကောင်ရောက်နေတယ်။ ခြေထောက်ငါးချေင်း၊ မျက်စိသုံးလုံးနဲ့ အစိမ်းရောင်မုတ်ဆိတ်မွေးတွေရှိတယ်တဲ”
  ရက်ဖ်ဖိုင်ဗယ်က သူနောက်ပြောင်ပြောဆိုလုကိသောကိစ္စကိုတွေးမိပြီးအားရပါးရရယ်မောလိုက်လေ၏။ ထို့နောက်ရှေးဟောင်းကျမ်းကြီးကိုဆက်လက်ပြီးဖတ်ရှုနေပြန်၏။ သို့ရာတွင်သူစာအုပ်ပြန်ပြီးအာရုံဝင်စားစပြုချိန်တွင် အပြင်ဘက်မှ အုတ်အုတ်ကျက်ကျက်အသံများကို ကြားလိုက်ရပြန်လေ၏။ သူဘာတွေမြင်လိုက်ရသနည်း။ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများပါပါဝင်နေသောလူအုပ်ကြီးသည် ဘုရားရှိခိုးကျောင်းဆီသို့ ပြေးနေကြခြင်းဖြစ်၏။ သူကပြင်တင်းပေါက်မှ ခေါင်းပြူပြီး “ ဘာတွေဖြစ်နေတာလည်းဗျ” ဟုဟော်ဟစ်မေးလိုက်လေ၏။
 “ ဘယ်လိုမေးလိုက်တာလဲဗျ။ ဘာလဲ.. ခင်ဗျားမသိသေးဘူးလား။ ဘုရားရှိခိုးကျောင်းရှေ့မှာ ရေသတ္တ၀ါကြီးတစ်ကောက်ရောက်နေတယ်ကွ။ အဲဒီသတ္တ၀ါကြီးမှာ ခြေငါးချောင်း၊ မျက်စီသုံးလုံးနဲ့ အစိမ်းရောက်မုတ်ဆိတ်တွေရှိတယ်တဲ့”
ထိုနောက်အဆိုပါလူအုပ်သည် ခပ်သွက်သွက်ကလေးဆက်ပြေးပြန်၏။ အဆိုပါလူအုပ်ထဲတွင် ဂျူးဘာသာရေးခေါင်းဆောင်ကြီးကိုယ်တိုင်ပါဝင်နေသည်ကိုတွေ့လိုက်ရလေ၏။
“ ဘုရား..ဘုရား..တကယ်လို့ဘာသာရေးခေါင်းဆောင်ကြီးကိုယ်တိုင်ဒီလူအုပ်နဲ့အတူတူပြေးလွှားနေတယ်ဆိုတော့ တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။ မီးခိုးထွက်လာရင် မီးလောင်နေလို့ပဲဖြစ်ရမယ်”
 သူသည်ဆက်မတွေးတော့ဘဲ ဦးထုပ်ကိုကောက်ဆောင်းလိုက်ပြီးနောက် ဘုရားရှိခိုးကျောင်းဆီသို့ အသက်ရူမှားလောက်အောင်အပြေးအလွှားလိုက်ပါသွားလေတော့သတည်း။ 
 

လမ်းဘေးက သစ်ပင်အို
-ငါဟာလမ်းဘေးက သစ်ပင်အိုလေ
မင်းတို့က ခရီးသွား
တစ်ခါတုန်းက...
မင်းတို့ငါ့အရိပ်မှာ လာခိုနားတော့
ငါကြည့်နူးလိုက်တာ....
-ပူတစ်လှည့်
နွေးတစ်လှည့်
အေးတစ်လှည့်..နေ့ရက်တွေကိုဖြတ်သန်းရင်း
အချိန်တန်တော့...
မင်းတို့လမ်း..
မင်းတို့ဆက်လျှောက်သွားကြတယ်...


ဟုတ်ပါတယ်လေ...
ငါဟာ..လမ်းဘေးကသစ်ပင်အိုပါ...။
- ကံကောင်းပါစေ...ခရီးသွား
တစ်ခါတစ်လေလည်း..တို့ကိုသတိရနော်..
ငါလေ...
လမ်းဘေးကသစ်ခြောက်ပင်ကြီးဖြစ်သည့်တိုင်...
မင်းတို့အတွက်..
မေတ္တာပို့ရင်းရှင်သန်နေပါ့မယ်...။
-ကံကောင်းပါစေ...ခရီးသွား...
ကံကောင်းပါစေ...ခရီးသွား...။


လောကနှင့်သင်
-တစ်လောကလုံး..
မင်းကိုပြုံးပြနေမယ်လို့ မမျှော်လင့်နဲ့
သူ့အပူနဲ့သူ...
မင်းကတော့..
ခေါင်းငုံ့ရင်းလည်းပြုံး
အမုန်းတွေ ချည်နှောင်မထားနဲ့
အထုံးတွေဖြေ...။
တစ်လောကလုံး
မင်းကိုချစ်လာဖို့ဆိုတာမဖြစ်နိုင်
မေတ္တာသာလှိုင်လှိုင်လေးပို့
သန်းခေါင်ညမှာရော
တောင်ထိပ်က အရုဏ်ဦးမှာရော
အရူးလိုပဲ ပြောပြော
လူထူးလို့ပဲ ပြောပြော
မင်းသိထားရမှာက
သူ့အပူနဲ့သူ.....။
မင်းဘယ်သူလဲ
ရှင်မြဲတိုင်းဆက်ရှင်
ပေးဆပ်ခြင်းလွင်ပြင်မှာလေ..။
သူ့အတွေးနဲ့သူ့အတ္တနဲ့ သူ့မာနနဲ့
သူ့အပူနဲ့ သူကြီပြင်းရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့
မင်းနဲ့တော့မတူနိုင်
လောကနဲ့သင်
သင်နဲ့လောက
ညှိုဖိ့ကတော့မဖြစ်နိုင်
မေတ္တာသာလှိုင်လှိုင်ပို့....။


ဘ၀ဆိုတာဘာလဲ
ရာသီဥတုသာယာတဲ့ နွေရာသီရဲ့ နေ့တစ်နေ့ကြီးမားတဲ့ တောကြီးတစ်ခုထဲမှာ သတ္တ၀ါတွေဟာ ငြိမ်ငြိမ်သက်သက်အနား ယူနေကြသတဲ့။ အဲဒီအချိန်မှာ ငှက်ကလေးတစ်ကောင်က ` ဘ၀ဆိုတာဘာလဲ ´ ဆိုတဲ့မေးခွန်းကို သီချင်းလုပ်ပြီး တွန်ကျူးနေသတဲ့..။
အဲဒီအချိန်မှာ အပွင့်ထဲကဖူးပွင့်ခါစ ရနံ့သင်းတဲ့နှင်းဆီနီလေးတစ်ပွင့်က ` ဘ၀ဆိုတာ ပြောင်းလဲခြင်းသဘာဝ တရာကြီးပေါ့ ´ လို့ဖြေသတဲ့..။
ပန်းတွေကြားထဲမှာ ပျော်မြူးစွာပျံသန်းနေတဲ့ လိပ်ပြာလေးတစ်ကောင်က ထပ်ဆင့်ပြန်ဖြေတယ် ` ဘ၀ဆိုတာ နေရောင်အောက်က အလှတရားတွေနဲ့ တစ်သားတည်းဖြစ်အောင်နေထိုင်ခြင်းပေါ့တဲ့ ´ ..။
မြေပြင်ပေါ်က စားစရာအစလေးတွေကို ရှာနေတဲ့ပုရွက်ဆိတ်တစ်ကောင်က သူခန္ဓာထက်(၁၀)ဆလောက်ရှိစားစရာကိုထမ်းရင်း ` ဘ၀ဆိုတာ ချွေးတွေသွေးတွေနဲ့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရတာကလွဲလို့ ဘာမှအဓိပ္ပါယ်မရှိပါဘူး ´ လို့ပြောတယ်တဲ့...။
အဖြေတွေဟာ တဖြည်းဖြည်းနဲ့တင်းမာလာတယ်..။ ကံကောင်းလို့မိုးကရွာချလိုက်ရင်း..မိုးကပြောတယ်` ဘ၀ဆိုတာ မျက်ရည်စက်များရဲ့ ပေါင်းစည်းခြင်းမျက်ရည်မိုးစက်တွေကလွဲလို့ ဘာမှမရှိပါဘူး´ ပြောသတဲ့...။
အဲဒီတောကြီးရဲ အမြင့်တစ်နေရာမှာ သိမ်းငှက်တစ်ကောင်က ပျံသန်းနေရင်းနဲ့ပြောတယ်တဲ့`ဘ၀ဆိုတာ အမြင့်ကို ကြိုးစားပျံသန်းခြင်းလေ ´ တဲ့...။ အဲဒီလိုနဲ့ ညအမှောင်ကိုရောက်လာတယ်...။
အဘိုးအိုတစ်ယောက်ဟာ ယိုင်တိုင်တိုင်နဲ့တောကြီးကိုဖြတ်ပြီး မီးအိမ်လေးတစ်လုံးနဲ့ အိမ်ကိုပြန်ရင်းပြောသွားတာကတော့ `ဘ၀ဆိုတာ ကိုယ့်အတွက်ပျော်ရွှင်ကြည်နူးမှုကိုရှာဖွေရင်းနဲ့ နောက်ဆုံးတော့ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနှင့် ခွဲခွာခြင်းပါပဲ ´တဲ့။
ညသန်းခေါင်ကုန်ခန်းလို့ နေမင်းကြီးက အလှဆုံးထွက်လားပြီး ပြောသတဲ့။
`ဘ၀ဆိုတာ ထာဝရရဲ့စတင်ခြင်း၊ နေ့သစ်တွေကိုအရုဏ်ဦးမှာ နေ့စဉ်နေ့တိုင်း ဖွင့်လှစ်ခြင်းပေါ့ ´ တဲ့...။
အဲဒိအချိန်မှာ တောအုပ်ကြီးအနီးက စမ်းချောင်းလေးဘေးမှာ တောရဆောက်တည်နေတဲ့ရဟန်းတစ်ပါးကတော့...
`သဗ္ဗေသတ္တာ ... အဝေရောဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊
အနီဃာဟောန္တု...
သုခိအတ္တာနံ... ပရိဟရန္တု ´ ဆိုပြီး
အနန္တစကြ၀ဌာကို မေတ္တာပို့လို့နေလေရဲ့.....။


မရှိ(သို့)အရူးများသာရှိသည့်
- ဤလောက၌အိမ်မရှင်မရှိ..
အရင်သွားနှင့်သူနှင့် နောက်လိုက်သူသာရှိသည်..
- ဤေလာက၌ သခ်ာၤမရွိ..
သုညမှလာ၍ သုညသို့ပြန်ခြင်းသာရှိသည်...။
- ဤလောက၌ ပိုင်စရာဥစ္စာမရှိ
ဓါတ်ကြီးလေးပါးမှလာ၍ ဓါတ်ကြီးလေးပါးသို့..
ပြန်ခြင်းသာရှိသည်..
- ဤလောက၌ အချိန်သည်မရှိ
စကြာဝဌာအနန္တ ကာလအနန္တ..
လူတွေအဟုတ်ထင်မှတ်၍
သတ်မှတ်ထားသော နာရီသာရှိသည်...
- ဤလောက၌ ဇတ်လမ်းမရှိ
ဖြစ် တည် ပျက် ပုံရိပ်များနှင့်
ထိုပုံရိပ်များကို လိုက်ဖမ်းသော..
အရူးများသာရှိသည်...။



တရားသူကြီး
ဖတ်ခဲ့ဖူးတဲ့ ဇတ်လမ်းတိုလေးတစ်ပုဒ်ပါ... ၁၉၀၀ နောက်ပိုင်းအမေရိကန်မှာ တကယ်ဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်..ကပ်ရောဂါကျနေချိန်၊ ငတ်မွတ်ဘေးကျရောက်နေချိန်၊ ငတ်မွတ်လို့သေဆုံးတဲ့လူအများကြီး ဖြစ်နေချိန်..
သုညဒီဂရီအောက်အအေးလွန်နေ့တစ်နေ့မှာ..တရားရုံးတော်မှာ အဘွားအိုတစ်ယောက်ရဲ `ပေါင်မုန့်ခိုးမှု ´ ကိုကြားနာ စစ်ဆေးနေချိန်ဖြစ်တယ်..ပေါင်မုန့်ဆိုင်ရှင်တရားလိုက လျှောက်လဲပြီးတဲ့နောက် ပေါင်မုန့်ခိုးတဲ့အဘွားအိုကိုစစ်ဆေးတယ်....
အဘွားအိုက..`သူရဲ့သမီးဟာအရမ်းကိုဖျားနေတယ်..သူရဲ့မြေမလေးဟာငတ်ပြတ်ခြင်းနဲ့ သေရတော့မယ်..ဘာလို့လဲဆိုတော့ သူ့ရဲ့သားသမက်ဟာ သူတို့အားလုံးကို စွန့်ပြီးထွက်သွားလို့´ ပြောတယ်။
ဒါပေမယ့်ပေါင်မုန့်ပိုင်ရှင်က ..`နောက်နောင်ဒီလိုမဖြစ်အောင် စံနမူနာအဖြစ် အဘွားအကို အပြစ်ပေးကိုပေးမှဖြစ်မယ် ´ လို့လျှောက်လဲတယ်..။
တရားသူကြီးဟာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်တယ်..။ဒီအဘွားအိုကို သူ့စိရင်ချက်အပြစ်မချချင်ဘူး..ဒါပေမယ့် တရားဥပဒေနဲ့ပတ်သက်လာရင် သူ့မှာရွေးချယ်စရာလမ်းမရှိဘူး...ဒီတော့တရားသူကြီးကပြောတယ်...`ကျွန်တော် ဒီအမှုနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိပါတယ်... ဒါပေမယ့် ကျွန်တော်ဒိအမှုကိုရှေင်လွဲလို့မရပါဘူး.. တရားဥပဒေဟာတရားဥပဒေပါပဲ ဒါကြောင့်အဘွားအိုကို ငွေ(၁၀)ဒေါ်လာဒဏ်ရိုက်ဖို့ စီရင်ချက်ချလိုက်တယ်´
သူပြောပြီးတာနဲ့ သူ့ဦးထုပ်ကိုချွတ်လိုက်ပြီး ငွေ(၁၀)ဒေါ်လာတန်တစ်ရွက်ကို သူ့ဦးထုပ်ထဲထည့်လိုက်တယ်...ပြီးတော့ အမှုစီရင်တာကို လာရောက်ကြည့်တဲ့ပရိတ်သတ်အားလုံးကို တစ်ယောက်(၅၀)ဆင့်စီဒဏ်ရိုက်ချင်ပါတယ်...ခင်ဗျားတို့ နေထိုင်တဲ့ဟောဒီမြို့လေးမှာ ` မြေးလေး ´ မသေအောင် ပေါင်မုန့်ခိုးစားရတဲ့အဆင့်ထိအောင် မေတ္တာတရားခေါင်းပါးနေပြီ..မြို့အုပ်မင်းကျေးဇူးပြုပြီး တစ်ယောက်ဆင့်(၅၀)စီကောက်ပေးပါ..။ မြို့အုပ်မင်းလည်းထည့် ပေးပါ..။ အကုန်ကောက်ပြီးရင် ရသမျှငွေကိုတရားခံအဘွားအိုကို ပေးလိုက်ပါ´ လို့ပြောလိုက်တယ်တဲ့...။
ဒါနဲ့အဘွားအိုဟာ တရားရုံးတက်ကပြန်ထွက်သွားတဲ့အခါ(၄၂)ဒေါ်လာနဲ့ဆင့်(၅၀)ရသွားပါတယ်..ဒီအထဲမှာ ပေါင်မုန့်ဆိုင်ပိုင်ရှင်ရဲ့ ဆင့်(၅၀)လည်းပါသွားပါတယ်..။
အဘွားအိုထွက်သွားပြီးတာနဲ့ တရားရုံးထဲမှာရှိတဲ့ဝန်ထမ်းတွေရော ပရိတ်သတ်တွေပါ ပြုံးရွှင်ရယ်မောလို့ မတ်တတ်ရပ် လက်ခုတ်တီးပြီး တရားသူကြီးကို သြဘာပေးကြတော့တယ်တဲ့...။

ငြိမ့်..ငြိမ်...ငြိမ်း
- ငြိမ့်ငြိမ့်ကလေး
ငြိမ်နေရင်လည်း..ငြိမ်းချမ်းတယ်..။
- ငြိမ်ငြိမ်ကလေး...ငြိမ့်နေရင်လည်း...
ငြိမ်းချမ်းတယ်..။
- ငြိမ်းချမ်းချင်ရင်..
ငြိမ်ငြိမ်ကလေးငြိမ့်ပြီး...
ငြိမ့်ငြိမ့်ကလေးငြိမ်နေ...။
- သုံးခွန်းတည်းသောစကားပါ။
ငြိမ့်...
ငြိမ်...
ငြိမ်း...


ဦးကောဝိဒ (၀စီပိတ်ဆရာတော် ) ငြိမ့်ငြိမ်ငြိမ်း မှကူးယူတင်ပြခြင်းဖြစ်ပါသည်...။

ဆက်လက်ဖတ်ရှုရန်...

ဝက်ဆိုဒ်အညွှန်းများ

www.youplaytime.com
Flash game တွေနဲ့ Video အပိုင်းအစတွေကိုကြည့်ရူလိုသူတွေအတွက်အဆင်ပြေစေမယ့်ဝက်ဆိုဒ်တစ်ခုပါ။
ဂိမ်းအမျိုးစုံလင်စွာနဲ့ကစားနိုင်ပါတယ်။

www.pattern8.com

wed design, T-shirt, business card နှင့်အခြားသော လက်ကမ်းစာစောင်၊ ဖိတ်စာများစသည်တို့အတွက်
အသုံးပြုနိုင်တဲ့ပုံစံလေးများကို အခမဲ့ဒေါင်းလော့ပြုလုပ်နိုင်တဲ့ ၀က်ဆိုဒ်တစ်ခုပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။

www.commandwindows.com
ဟာဆိုရင် windows ရဲ့အဓိက command Line တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ Task-list, Recovery Console နှင့်ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြပေးထားတဲ့ site တစ်ခုပဲဖြစ်ပါသည်။ Site အတွင်းရှိအကြောင်းအရာများကို အလွယ်တကူရှာဖွေလို့ရပါသည်။ ဒီ Wet site မှာအဓိကပါဝင်တဲ့အပိုင်းတွေကတော့ Command Liner များ၊ file Management Network and Internet Tools, system Admin& Maintenance, Server 2003, Batch File များစသည်ဖြင့် windows ရဲ့အစိတ်အပိုင်းတွေကို အခြေခံမှစပြီးအဆင့်မြင့်အထိလေ့လာနိုင်စေရန်တင်ပြပေးထားပါသည်။

www.zamzar.com
File အမျိုးအစားမြောက်များစွာကို Convert ပြုလုပ်ပေးနိုင်တဲ့ website တစ်ခုဖြစ်ပါသည်။ အဆင့် ၄ ဆင့်ခွဲခြားထားပြီး step by step ပြုလုပ်ပေးရမှာဖြစ်ပါသည်။ File size အနေဖြင့်အများဆုံး 100MB အထိ free အသုံးပြုနိုင်ပြီး 1GB ပမာဏအထိအသုံးပြုချင်တယ်ဆိုရင်တော့ တစ်လအတွက် $ 49 ပေးသွင်းရမှာဖြစ်ပါသည်။ ပြောင်းလဲနိုင်တဲ့ဖိုင်တွေကတော့ document,image,video,music,CAD format နှင့် compress format တို့ပဲဖြစ်ပါသည်။ convert ပြုလုပ်လိုက်တဲ့ file ကိုသင့်ရဲ့ email ထဲ့သို့ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့် email လိပ်စာဖြည့်ပေးရမှာဖြစ်ပါသည်။

www.footbal-wallpapers.com
ဒီဆိုဒ်ဟာဘောလုံးကိုစိတ်ဝင်စားသူများအတွက် သင့်တော်မယ့်ဆိုက်တစ်ခုဖြစ်ပါသည်။ ကဏ္ဍမျိုးစုံဖြင့်ဖေါ်ပြပြီး သက်ဆိုင်တဲ့ ဓါတ်ပုံများကိုဒီဆိုဒ်ကနေ ရယူနိုင်မှာဖြစ်ပါသည်။ ဓါတ်ပုံများကိုအခမဲ့ရယူနိုင်ပြီး ကွန်ပျူတာထဲမှာသိမ်းနိုင်သလို သူငယ်ချင်း မိတ်ဆွေများသို့လည်း မျှဝေပေးနိုင်ပါတယ်။ တခြားဟာသများ၊ သတင်းများကိုလည်းဖေါ်ပြပေးထားလို့ စိတ်ကျေနပ်ဖွယ်ကောင်း တဲ့ဝက်ဆိုဒ်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ၀င်ကြည့်လိုက်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ.......
(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်)

www.yourmp3.net
ဒီဆိုဒ်ဟာနောက်ဆုံးပေါ်အင်္ဂလိပ်သီချင်းများကိုနားဆင်လိုသူတွေအတွက် အဆင်ပြေစေမယ်ဆိုဒ်တစ်ခုပါ။ နိုင်ငံခြားအဆိုတော်တွေရဲ့ သီချင်းတွေကိုနားဆင်နိုင်မှာဖြစ်ပြီး ဒေါင်းလော့လုပ်နိုင်မှာဖြစ်ပါတယ်။
(အင်တာနက်ဂျာနယ်မှကူးယူခြင်းဖြစ်ပါသည်)

ဆက်လက်ဖတ်ရှုရန်...

free-fire-screensaver-downloadcom


ကိုယ့်ကွန်ပျူတာကိုမီးလောင်နေတဲ့ပုံမြင်ချင်တဲ့သူတွေအတွက်ပါ..တော်တော်လေးမိုက်တယ်..ကြိုက်ရင် အောက်မှာ ဒေါင်းလော့လိပ်စာပါ.....



ဆက်လက်ဖတ်ရှုရန်...

ကောင်မလေးတစ်ယောက်


ပါးကွက်ကလေးက
ပြည့်ဖူးနေတဲ့ပါးလေးနဲ့
ရှက်အကျီင်္လက်ရှည်ကိုဝတ်ပြီး
ရိုးရှင်းပုံစံလေးလိုက်ဖက်တဲ့သူမကို
သူခိုးကြီးညကသာတဲ့လနဲအတူ
မြင်တွေ့လိုက်ရတယ်
စိတ်ကူးယဉ်မိပေမယ့်
ဖြစ်မလာဘူးဆိုတာကိုလည်းသိလိုက်တယ်
ဘာပဲဖြစ်ဖြစ်ကောင်မလေးကိုတော့
အခုချိန်ထိချစ်နေတုန်းပဲဗျာ................

ဆက်လက်ဖတ်ရှုရန်...

ကဗျာများ






မျှော်လင့်ခြင်း
မျှော်လင့်ခြင်းများစွာနဲ့စိတ်ကူးယဉ်ခဲ့တယ်
ပျော်ရွှင်မှုများစွာနဲ့ အိမ်မက်တွေမက်ခဲ့တယ်
လိုခြင်တက်မက်မှုနဲ့ တမ်းတခဲ့တယ်
ဒါပေမယ့်
ရိုက်ချိုးခံခဲ့ရတဲ့ မျှော်လင့်ချက်
မျှောလင့်သွားတဲ့ အိမ်မက်တွေ
ပျောက်ရှသွားတဲ့ တမ်းတမှုတွေက
ငါရရှိခဲ့တဲ့ဒဏ်ရာတွေလား ချစ်သူရာ....  

မင်းအတွက်
နှလုံးသားရဲ့
အနက်ရှိုင်းဆုံးအရပ်က
စကားလုံးလေးတွေ...
ဒီနေ့မင်းရှေ့ရောက်လာဖို့အတွက်
ငါ ဘယ်လောက်ရုန်းကန်လာခဲ့ရတယ်ဆိုတာကို
မင်းသိချင်သိမှာပါ....
ဒီစကားလုံးတွေထဲက တစ်စိတ်တစ်ပိုင်း
မင်းအတွက် အကျိုးရှိခဲ့မယ်ဆိုရင်
သံသရာမှာ ဆုံရကျိုးနပ်ပါတယ်........






ပျော်စရာကောင်းတဲ့ဗေဒင်တွက်နည်းတစ်မျိုးပေါ့

သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို


L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ


ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။ Good Luck !


A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
(သူငယ်ချင်းတစ်ယောက်ကမေးလ်ပို့ပေးလို့ပါ)







မိတ်ဆွေကို ပြဆိုသောအ၀ိုင်း
ရန်သူကိုမကျွမ်းမ၀င်ရာ မိတ်ဆွေကိုလည်း အလွန်အမင်းအကျွမ်းမ၀င်ရာ
တစ်ခါတစ်ရံမိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော်
အပြစ်အားလုံးကိုထုတ်ဖော်ပြတတ်သည်။
တစ်ကြိမ်အမျက်ထွက်ဖူးသောမိတ်ဆွေကို တစ်ဖန်ပြန်လည်စေ့စပ်လိုသောသူသည်
ကိုယ်ဝန်ကိုယူသောအသာထိုရ်မြင်းမကဲ့သို့ သေမင်းကိုယူသည်မည်၏



မိတ်ဆွေကို ပြဆိုသောအပိုင်း
မျက်နှာက ပဒုမ္မာကြာကဲ့သို့အေးမြ၏
ပြောဆိုသောစကားက စန္ဒကူးနံ့သာကဲ့သို့အေးမြ၏
စိတ်နှလုံးမှာမူ လျင်စွာသေစေတတ်သော အဆိပ်နှင့်တူ၏
ထိုကဲ့သို့သဘောထားရှိသူမျိုးကို မပေါင်းသင်းရာ



မိတ်ဆွေကိုပြသောအပိုင်း
ဦးချိုရှိသောသတ္တ၀ါကို အတောင်ငါးဆယ်ဝေးသောအရပ်မှ ရှောင်ရှားရာ၏
မြင်းကိုအတောင်တစ်ရာဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏
ဆင်ကိုအတောင်တစ်ထောင်ဝေးသော အရပ်မှရှေင်ကြဉ်ရာ၏
မကောင်းသောသူကို အရပ်ဒေသစွန့်ခွါသဖြင့် ရှောင်ကြဉ်ရာ၏




ချစ်သူသစ္စာ
သစ်ရွက်ကြွေ နွေ တစ်ကြော့
ရောက်ခဲ့ပေါ ချိန်ရာသီ
ကျေးငှက်ကမြည်
ဖြန်းပက်တဲ့ ငွေနှင်းရည်
သွေဖည်ခဲ့ နယ်တစ်ဝှမ်း
အလွမ်းအရပ်သို့ သည်မောင်ချီ
တူပျော်ကြည် နေလိုလျက်ကယ်နှင့်
ချစ်သူအတွက်မို့လှမ်း
လွမ်းလို့တော့မနေနိုင်
သူ့အကျိုးနှင့်ဆိုင်
မွေးရပ်မြေက ချစ်သူရယ်
ကြံ့ခိုင်တဲ့ ဖြူစိတ်ထား
တစ်မြေဆီ ခြားပေမယ့်
မင်းအတွက်ပေမို့
ုဒုက္ခတွေရင်ဝယ်ပိုက်ပြီး
ပြန်လာမယ့်အချိန်ကို
မျှော်နေပါချစ်သူရယ်........



ဟိုတစ်စဒီတစ်စ
အဝေးရောက်နေပေမယ့်
ငါစိတ်ထဲမှာမင်းကနီးနီးလေးပါ
တစ်မြေစီမှာရှိပေမယ့်
ငါစိတ်ထဲမှာမင်းကတစ်မြို့ထဲပါ
အနေဝေးပြီးသွေးအေးသွားတဲ့မင်းကို
အချိန်တိုင်းသတိရနေမိတယ်
တစ်ပါးသူရဲ့ရင်ခွင်မှာ
မင်းရှိနေပေမယ့်
ပြန်လာမယ်ဆိုရင်ကြိုဆိုနေမှာပါ
မင်းအတွက်တစ်နေရာမကချန်ထားလို့
ပြန်လာပါလို့....................




တောင်ပံတစ်ခုက
မျှော်လွင့်နေတဲ့ငါ့ကို
အဝေးကိုရောက်အောင်ပို့ဆောင်သွားတယ်
ငှက်ကလေးတွေနဲ့အတူ
လေဟုတ်စီးနေရင်းက
ငါ့ကိုဘာသတ္တ၀ါလည်းလို့မေးသွားတယ်
မသိဘူးလို့ဖြေလိုက်တဲ့အချိန်မှာ
ငါကိုဝိုင်းတိုက်ခိုက်တော့တာပဲ
ဘယ်သူဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်
လွတ်လပ်စွာသွားပိုင်ခွင့်မရှိဘူးလား
လွတ်လပ်စွာပျံသန်းနိုင်ခွင့်ကောမရှိဘူးလား
နင်ဘယ်သူလဲငါဘယ်သူလဲဆိုတာ
ဘိုဘိုဟန်သီချင်းထဲမှာပဲရှိတယ်ထင်တာ
အခုတော့ဗျာ................


ချစ်ပါတယ်လို့ပြောတော့အပိုတွေတဲ့
လွမ်းတယ်လို့ပြောတော့မယုံဘူးတဲ့
သတိရတယ်လို့ပြောတော့လည်းမဖြစ်နိုင်ဘူးတဲ့
အရာရာထက်ဦးစားပေးတယ်လို့ပြောတော့လည်း
လျောက်ပြောနေတယ်တဲ့
ဖြစ်ချင်တာကိုလုပ်ပေးချင်တယ်ပြောတော့လည်း
အလကားတွေပါတဲ့
ငါဘာပြောပြောမင်းကမယုံတော့
ငါပြောသမျှအတွက်
ငါကိုယ်ငါတောင်ရှက်မိတယ်
အယုံအကြည်မရှိပဲနဲ့
မင်းနဲ့ငါကချစ်သူဖြစ်နေသေးတယ်နော်..........


လွမ်းစရာ
နွေဦးဆိုတာ
လွမ်းမောဖွယ်ရာကြီးတဲ့
ပူမိလျှင်ဖြေနိုင်ခဲတဲ့
လွမ်းပွဲဆင်တဲ့
နွေဦးရယ်တဲ့လေ။
အဲဒီတုန်းက
ငါမယုံခဲ့ပါဘူး..
ကိုယ်တွေ့ကြုံမှ
ယုံရတော့တယ်..............


-ခြေလှမ်းတစ်ချက်
ရှေ့ဆက်ဖို့ ခက်နေချိန်မှာ
သူက လည်စင်းပြီး လမ်းခင်းရှာတယ်။
-သွားကြရမယ့် ခရီးမှာ
ဖဝါးများစွာ လိုရာရောက်ဖို့
သူ့ဘ၀နဲ့ ပေါင်းကူးပေးတယ်။
-သိမ်မွေ့စွာပဲ လျှောက်လျှောက်
ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း
သူ့ကိုယ်သူ ဖြန့်ခင်းလို့
အပြုံးအပျက် ဝပ်စင်းပေးတယ်။
-သိပ်ဝမ်းနည်းဖို့ ကောင်းတာက
သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့
လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ
အပြုံးသဲ့သဲ့နဲ့
ခေါင်းတချက်လောက် ငဲ့ပြီးတော့များ
အသိအမှတ် ပြုလေမလားလို့
အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့
နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ
နာကျင်စွာ လက်ခံရမြဲပါလေ။
http://www.ainmat.com/မှကူးယူတင်ပြခြင်းဖြစ်ပါသည်။
(ကြိုက်လို့ပါ)ကူးယူမိတာကိုခွင့်လွတ်ပါခင်ဗျာ....


`အချစ်(သို့) ရှုံးနိမ့်ခြင်း´
စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက်တာ...
ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ၀ါးမြို
အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့
စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်...
မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့...
ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက်
ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး
အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက်
ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ.....


`ချစ်သူ...´
ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း
မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ...
အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့
သတိရနေဆဲပါ ချစ်သူ...
အနမ်းတွေ ပေးချင်နေပေမယ့်
ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး...
ငါမင်းကို အပြစ်မပြောရက်ပါဘူး
ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ...
`ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင်
ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ...
`ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး...
ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင်
ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ

ကောင်းမလေး
ကောင်မလေးအတွက်သီချင်းတစ်ပုဒ်
ချစ်သူတစ်ယောက်ကောက်ရခဲ့တယ်
လပြည့်ညမှာပေါ့
အိပ်ပျော်နေတဲ့ငါနှလုံးသားကို
လမင်းကြီးကိုထကြည့်ဆိုပြီး
လာလှုပ်နှိုးသွားတယ်
တစ်ကယ်တမ်းထကြည့်တော့
ကောင်မလေးက
ငါ့အနားမှာမရှိတော့ဘူး
ဘာအတွက်ငါ့ကိုလာလှုပ်နှိုးပြီး
ပျောက်ကွယ်သွားရတာလဲ
ငြိမ်သက်နေတဲ့ကန်ရေပြင်ကို
ခဲနဲ့ပေါက်သလိုလှုပ်ခတ်သွားစေပြီး
ငြိမ်သက်အောင်တော့လုပ်မသွားခဲ့ဘူး
မင်းအတွက်ကစားစရာအရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမယ့်
ငါ့အတွက်တော့
ဘ၀တစ်လုံးပျက်ခဲ့ရတယ်ကောင်မလေးရာ
ကျေးဇူးပြုပြီး
မင်းရဲ့ကစားစရာအရုပ်တွေထဲမှာ
ငါ့ကိုထည့်မထားပါနဲ့ကောင်မလေးရာ
ငါတောင်းပန်ပါတယ်……


မင်းအတွက်
မင်းအတွက်
ငါမကြိုက်တဲ့သီချင်းကိုကြိုက်တတ်အောင်ကြိုးစားခဲ့တယ်
မင်းအတွက်
ငါမကြိုက်အစားအစာကိုကြိုက်အောင်ကြိုးစားခဲ့တယ်
မင်းအတွက်
ငါကြိုက်တဲ့ကွမ်းယာကိုမကြိုက်အောင်ရှောင်ခဲ့ရတယ်
မင်းအတွက်
စိတ်ကူးယာဉ်ခဲ့ပေမယ့်ရိုက်ချိုးခံခဲ့ရတယ်
မင်းအတွက်
မျှော်လင့်ခဲ့ရပေမယ့်ပျက်ဆီးခဲ့ရတယ်
အားလုံးကိုမင်းအတွက်ကြိုးစားခဲ့ရပေမယ့်
လောင်ကျွမ်းသွားတဲ့ပြာလို
လေနဲ့အတူပျောက်ကွယ်သွားတယ်
ငါကြိုးစားခဲ့ရတာတွေက
ဘာမှအရာမထင်ခဲ့လို့စိတ်မကောင်းပါဘူး
ဘာပဲဖြစ်ဖြစ်မင်းကိုတော့ချစ်နေအုန်းမှာပါပဲ


စိန်ပန်း
ဘုရားမတင် မပန်ဆင်လည်း
သူ့တွင်တာဝန်၊ ကျေပွန်စွာဖြင့်
ူသာယာလှအောင်၊ သူ့စွမ်းဆောင်၏
တော်ဝင်ပန်းနှယ်၊ မတင့်တယ်လည်း
မြေ၀ယ်ကြွေခ၊ သူ့အလှဖြင့်
သန္တာအဆင်း၊ ကော်ဇောခင်း၏
ပူရှိန်ပြင်းဒဏ်၊ ခံရပါလည်း
အံကိုခဲ၊ မလျှော့လုံလ
ကြွေးကြော်ပြသည်
ဖြတ်ကြနင်းစမ်း ရဲသည့်ပန်း
မြတ်သည့်အကျင့်၊ ရဲ့ရင့်စိတ်ဓါတ်
မလျှော့စွမ်းအား၊ လေးစားဖွယ်ရာ
မြတ်နိုးပါသည်
ရဲရဲပွင့်လန်းအို-စိန်ပန်း..........

တန်ဖိုး
မျက်ရည်များနဲ့
နတ်သုဓာတစ်ပွဲဟာ
ရိုးသာပြီး အပြစ်မဲ့တဲ့
ထမင်းကြမ်း တစ်ခဲနဲ့
တန်ဖိုးချင်း တူနိုင်ပါ့မလား။
မိုးခါးရေ ငါမသောက်ခဲ့
သိပ်အောက်တဲ့လူ
အဲဒီလူဟာ
ဒီ ၂၁ ရာစုမှာ
အသက်ရှည်ပါ့မလား။
ဒီလူရဲနှလုံးသား
ဒိုင်နိုဆောသတ္တ၀ါလို
သမိုင်းပြတိုက်မှာ ထားပြီး
အံ့ဖွယ်လူသားလို့။
တောင့်တမှုနဲ့ ကိုယ်ကျင့်တရား
လွန်ဆွဲတဲ့အခါ အမှန်တရားအတွက်
ရာဇ၀င်မှာ စာအသွားခက်မှာမို့
အချစ်ရေ
နောင်ဘ၀ကျမှပဲ ဆုံစည်းကြပါစို့။


သို့....ဧရာဝတီ

နှစ်ပါးမိဘ
မေခနဲ့မလိခအစပြုလို့
မင်းဘ၀ကိုထုဆစ်ခဲ့တယ်....

စိမ်းညို့ညို့တောင်တန်း
မှုန်းမှိုင်းမှိုင်း တောအုပ်တွေကြား
အားအင်တွေမွေးလို့ မင်းဘ၀ကို
ဖြတ်သန်းခဲ့တယ်....

ုမြင့်မားတဲ့ တောင်ကုန်းတွေကနေ
နက်ရှိုင်းတဲ့ချောက်ကမ်းပါးတွေဆီ
အလီလီကျခဲ့ပေမယ့် မင်းပြန်ထနိုင်ခဲ့တယ်....

အကွေ့အကောက်တွေနဲ့
စိန်ခေါ်မှုတွေကြားမှာ
ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းဖြတ်ကျော်နိုင်ခဲ့တယ်...

မာန်မာနကို အဖော်ပြုလျက်
မိုးစက်တွေနဲ့ ထွေးပွေ့ရင်း
လောကဓံကိုလည်း မင်းပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်...

အနိမ့်အမြင့် အတက်အကျ
အကြမ်းအနု အဖုအထစ်တွေကြားက
အကြိမ်ကြိမ်ရုန်းထရင်းနဲ့
မင်းခရီးတွေဆက်နိုင်ခဲ့တယ်.....

ဟော.......
ရှေ့နားမှာ..
ကြည်လင်နေတဲ့ အရုဏ်ဦးကောင်းကင်
ပင်လယ်ပြင် လှိုင်းဖွေးဖွေးကလေးတွေ
မင်းကြိုလင့်နေကြပေါ့....
အားတင်းထား...ဧရာဝတီ.....


နွံ
အနက်ရောင်မီး
အနက်ရောင်ည
ကာရန်မဲ့သံစဉ်တချို့
ကဗျာမဲ့မျက်ဝန်းများ
(သူတို့မှာ)
အိမ်မက်မရှိတော့တာလား
မြေပြင်ကောင်းကင်
ပန်းပွင့်နှင်းစက်
လေပြည်သွေးသစ်
(ငါ)ပြောတဲ့ရနှံ့အကြောင်း
ပြန်ပြောင်းအောင့်မေ့တတ်ပါ့မလား
အနီအ၀ါအပြာတွေနဲ့
ရောင်စဉ်လှိုင်းတွေကြား
ပင်လယ်မှာ လမ်းလျှောက်သူများ.......



ကဗျာအကြောင်းအက်ဆေး
* တောင်သုံးတောင်သို့အ၀င်မှာ
ခြင်္သေ့က
သမင်မမျက်လုံးကို
ပခုံးပေါ် ပစ်တင်လိုက်တယ်....
ဒီကောင် လွမ်းခဲ့ပါတယ်
ညီမလေးရယ်....

* ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါပဲ....

* ကန္တာရမဆန်ပါဘူး
ငါဒဏ်ရာရခဲ့တာပါ....
ကွဲကြေတဲံ အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ ဟုတ်ပေလိမ့်မယ်......

ဆက်လက်ဖတ်ရှုရန်...

ကျွန်တော့်ဘလော့ကလေး

ကျွန်တော်သည်ကျယ်ပြန့်လှတဲ့ကွန်ပျူတာပညာရပ်ကို စိတ်ဝင်တစားလေ့လာခဲ့ပေမယ့် ဘယ်တော့မဆုံးတဲ့ ခရီးရှည်တစ်ခုကို လျှောက်ရသလိုဖြစ်နေတယ်။ ရှာဖွေလေတွေ့ရှိလေဖြစ်နေလို့ ကိုယ်တိုင်မဖန်တီးနိုင်တဲ့အတွက် ကိုယ့်ကိုလည်းညံ့တယ်လို့ ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုဘလော့တစ်ခုရေးလို့ရအောင် သင်ပြပေးတဲ့ ဘလော့အစ်ကိုအစ်မတွေကို ကျွန်တော့်ရဲ့ဆရာ/ဆရာမတွေလို့လည်းမှတ်ယူထားပါတယ်။ လာလည်ပါလို့ဖိတ်ခေါ်ချင်ပေမယ့် ဘာမှမရှိတဲ့အိမ်ထဲကို ဧည့်သည်ကိုဘာနဲ့တည်ခင်းရမယ်မှန်းမသိလို့ ပြီးပြည့်စုံပြီလို့ထင်တဲ့အခါမှပဲအလည်ခေါ်တော့မယ်ဗျာ။ ကျေးဇူးတင်ပါတယ်..........

ဆက်လက်ဖတ်ရှုရန်...