ဟာသများ

အလုပ်အချိန်ရှည်ကြာပါသလား
အလုပ်လျှောက်ထားသူလူငယ်ကပြောလိုက်၏။ “ ကျွန်တော်အလုပ်ကိုလက်မခံမီမေးစရာ မေးခွန်းတစ်ခုရှိပါတယ်။ အလုပ်ချိန်နာရီက ရှည်ကြာပါသလား ” အလုပ်ရှင်ကပြန်ဖြေလိုက်၏။ “ အင်း၊ ကျုပ်တို့ကတော့ တစ်နာရီမှာ မိနစ် (၆၀)ထက်ပိုကြာမသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်” 
 

အငှားသန်သူ
ရွာတစ်ရွာတွင် သူတစ်ပါးအသုံးအဆောင်ကိုငှားရမ်းသုံးစွဲရမှ ကျေနပ်သူရွာသားတစ်ဦးရှိလေသည်။ ၄င်းသည် အငှားအရမ်းသန်ရုံ သာမက(ငါးမရက ရေချိုးပြန်မည်)ဟူသော စိတ်ဓါတ်ရှိသူဖြစ်သည်။ တစ်နေ့တွင် ထိုရွာသားသည် အိမ်နီးချင်းမိတ်ဆွေတစ်ဦးထံ စက်ဘီးသွားငှားလေသည်။ အိမ်နီးချင်းမိတ်ဆွေကလည်း အငှားရမ်းထူသူကို မပေးချင်သဖြင့် စက်ဘီးကို လေလျှော့ထားလိုက်ပြီး---
`` အေးဗျာ။ ခင်ဗျားငှားမှပဲ စက်ဘီးလေလျော့နေတယ်။ ကျုပ်ကငှားချင်ပေမယ့် စီးလို့ရမှာမဟုတ်တော့ဘူး ``
ထိုအခါ အငှားအရမ်းထူသူရွာသားက ထိုသို့ပြန်ပြောလိုက်လေသည်။
`` လေလျော့နေလည်းအကြောင်းမဟုတ်ပါဘူး၊ ကျွန်တော်ကိုယ့်ဖော့ပြီးစီးသွားပါ့မယ် `` ဟူသတည်း။
(ရယ်မောရင်းနဲ့အပျင်းပြေပါစေ)


အချစ်ပြသာနာ
ကျောင်းသားနှစ်ဦးသည် အချစ်အကြောင်းကို ကျောင်းသွားရင်းနဲ့ဆွေးနွေးနေကြတယ်
ပထမကျောင်းသားက။ ချစ်ဆိုတာ ဘယ်လိုသဘောလဲမင်းသိလား
ဒုတိယကျောင်းသားက။ အချစ်ဆိုတာ ခိုးသောက်လေ့သောက်ထရှိတဲ့ ဘီအီးလိုပဲကွ။ ပထမတစ်ခွက်သာနံသလိုရှိပြီး အ၀င်ဆိုးပေမယ့် နောက်တစ်ခွက်ကတော့ သောက်ရင်းအရှိန်ရသွားတာပေါ့ကွာ။ အဲသလိုပါပဲ ဟုဖြေလိုက်လေသည်။


ရေသွားဆေးလိုက်ပါ့မယ်
ရုံးတစ်ရုံးတွင်ဖြစ်သည်။ ကဗျာယောင်ယောင် စာယောင်ယောင် ၀ါသနာထုံလေသော ရုံးစားရေးကြီးတစ်ဦးရှိလေသည်။ တစ်နေ့တွင် သူရုံးမှ တာဝန်ထမ်းဆောင်နေသော ရုံးအကူနှစ်ယောက်ကို ထိုသို့မေးလေသည်-
ရုံးအုပ်။ နိုင်ဦးတပည့် ငါရေးထားတဲ့ကဗျာကိုဖတ်ပြီးမင်းရဲ့ အမြင်နဲ့ခံစားရမှုကိုပြောပါအုံး
နိုင်ဦး။ ကျွန်တော်ဖတ်ကြည့်တာ ဘာမှနားမလည်ဘူး ဆရာရ
ရုံးစာရေး။ မင်းကအနုပညာနဲ့ အတော်အလှမ်းဝေးတာပဲ။ သွား..ရုံးအိမ်သာကို ရေသွားဆေး။ ထွန်းနိုင်မင်းဖတ်ပြီးရင် မင်းအမြင်ကိုပြောပြစမ်းကွာ
ထွန်းနိုင်။ ရုံးအိမ်သာကိုပဲရေသွားဆေးလိုက်ပါတော့မယ်ဆရာရေ
ရုံးစာရေး။ ဟေ.........

မြကန်
ကျောင်တစ်ကျောင်းတွင်ဖြစ်သည်။ သင်တန်းနည်းပြဆရာသည် ကျန်စစ်သားမင်းကြီး၏ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကိုစိတ်ပါလက်ပါပြောကြားနေသည်။ ပြည်သူများအတွက် ဆည်မြောင်းတာတမံများတူးဖော်ရာတွင် မြကန် အကြောင်းကို အထူးပြုပြောကြားသည်။ ထိုအချိန်တွင် သင်တန်းသားတစ်ဦးအိပ်ငိုက်နေသည်ကိုမြင်သွားသဖြင့်
နည်းပြဆရာက သင်တန်းသား ထစမ်း မြကန်ကိုဘယ်သူတူးတာလဲ ဟုမေးတော့ သင်တန်းသားက ဟို..ဟို.. ရွာသားတွေပါဆရာ လို့ဖြေလိုက်လေသည်။


အမြင်မှန်
ကျောင်းသားနှစ်ယောက် လေယာဉ်ပျံဖြတ်သွားတာကိုကြည့်ရင်း စကားပြောနေကြတယ်
ပထမကျောင်းသားက “ ဒီလောက်လေးတဲ့သံတုံး၊ သံခဲတွေကို မိုးပေါ်ပျံအောင်တီထွင်နိုင်တဲ့ သူတွေကိုငါတော့ချီးကျူးတယ်။ အံ့လည်းအံ့သြတယ်ကွာ...”
ဒုတိယကျောင်းသားက “ ဘာအံ့သြစရာရှိလဲကွာ စက်ရုံတည်ပြီးလူအများကြီးနဲ့တည်ဆောက်ခဲ့တာပဲ။ ငါအံ့သြတာက လေယာဉ်မှူးတွေပဲ။ သူတို့မှာ ဘာမှမပါဘဲလေယာဉ်တစ်စီးလုံးကို မိုးပေါ်ဆွဲတင်သွားတာ....”

လက်ကွက်မြန်သူ
တစ်ခါကကွန်ပျူတာကိုသင်တန်းတက်နေတဲ့သူငယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်..
ပထမသင်တန်းသားက “ မင်းဘေးနားကကောင် ကွန်ပျူတာလက်ကွက်တော်တော်မြန်တယ်ဆို...
ဒုတိယသင်တန်းသားက “ မြန်သလားတော့မမေးနဲ့ Keyboard ပေါ်တစ်ချက်ရိုက်ရင် အက္ခရာငါလုံးောက်ထွက်တယ်။
ပထမသင်တန်းသားက “ တယ်ဟုတ်ပါလားကွ ”
ဒုတိယသင်တန်းသားက “ ဒါပေမယ့်တစ်ချက်ရိုက်ပြီးတိုင်း BackSpace ကို(၄)ချက်လောက်ပြန်နှိပ်ရတယ်လေ”ဟုဆက်ပြောလိုက်လေသည်။

သား၏အဖြေ
နားရောဂါကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသူ ဖခင်ဖြစ်သူက သားငယ်၏ရည်မှန်းချက်ကို သိလိုသဖြင့်....
ဖခင် “ သားကြီးလာရင် ဘာလုပ်မလဲ ”
သား “ ဆရာဝန်ကြီးလုပ်မှာပေါ့ ”
ဖခင် “ ဒါမှငါ့သားကွ၊ ဖအေတူသား ”
သား “ ဒါပေမယ့် ဖေဖေ့လိုတော့နားရောဂါကုဆရာဝန်မလုပ်ဘူး။ သွားရောဂါကုဆရာဝန်ပဲလုပ်မယ် ”
ဖခင် “ ဟေ ဘာဖြစ်လို့လဲ ”
သား “ သွားက သုံးဆယ်နှစ်ချောင်းတောင် နားကနှစ်ဖက်တည်း ”

ဆက်လက်ဖတ်ရှုရန်...