ကဗျာများ






မျှော်လင့်ခြင်း
မျှော်လင့်ခြင်းများစွာနဲ့စိတ်ကူးယဉ်ခဲ့တယ်
ပျော်ရွှင်မှုများစွာနဲ့ အိမ်မက်တွေမက်ခဲ့တယ်
လိုခြင်တက်မက်မှုနဲ့ တမ်းတခဲ့တယ်
ဒါပေမယ့်
ရိုက်ချိုးခံခဲ့ရတဲ့ မျှော်လင့်ချက်
မျှောလင့်သွားတဲ့ အိမ်မက်တွေ
ပျောက်ရှသွားတဲ့ တမ်းတမှုတွေက
ငါရရှိခဲ့တဲ့ဒဏ်ရာတွေလား ချစ်သူရာ....  

မင်းအတွက်
နှလုံးသားရဲ့
အနက်ရှိုင်းဆုံးအရပ်က
စကားလုံးလေးတွေ...
ဒီနေ့မင်းရှေ့ရောက်လာဖို့အတွက်
ငါ ဘယ်လောက်ရုန်းကန်လာခဲ့ရတယ်ဆိုတာကို
မင်းသိချင်သိမှာပါ....
ဒီစကားလုံးတွေထဲက တစ်စိတ်တစ်ပိုင်း
မင်းအတွက် အကျိုးရှိခဲ့မယ်ဆိုရင်
သံသရာမှာ ဆုံရကျိုးနပ်ပါတယ်........






ပျော်စရာကောင်းတဲ့ဗေဒင်တွက်နည်းတစ်မျိုးပေါ့

သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို


L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ


ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။ Good Luck !


A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
(သူငယ်ချင်းတစ်ယောက်ကမေးလ်ပို့ပေးလို့ပါ)







မိတ်ဆွေကို ပြဆိုသောအ၀ိုင်း
ရန်သူကိုမကျွမ်းမ၀င်ရာ မိတ်ဆွေကိုလည်း အလွန်အမင်းအကျွမ်းမ၀င်ရာ
တစ်ခါတစ်ရံမိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော်
အပြစ်အားလုံးကိုထုတ်ဖော်ပြတတ်သည်။
တစ်ကြိမ်အမျက်ထွက်ဖူးသောမိတ်ဆွေကို တစ်ဖန်ပြန်လည်စေ့စပ်လိုသောသူသည်
ကိုယ်ဝန်ကိုယူသောအသာထိုရ်မြင်းမကဲ့သို့ သေမင်းကိုယူသည်မည်၏



မိတ်ဆွေကို ပြဆိုသောအပိုင်း
မျက်နှာက ပဒုမ္မာကြာကဲ့သို့အေးမြ၏
ပြောဆိုသောစကားက စန္ဒကူးနံ့သာကဲ့သို့အေးမြ၏
စိတ်နှလုံးမှာမူ လျင်စွာသေစေတတ်သော အဆိပ်နှင့်တူ၏
ထိုကဲ့သို့သဘောထားရှိသူမျိုးကို မပေါင်းသင်းရာ



မိတ်ဆွေကိုပြသောအပိုင်း
ဦးချိုရှိသောသတ္တ၀ါကို အတောင်ငါးဆယ်ဝေးသောအရပ်မှ ရှောင်ရှားရာ၏
မြင်းကိုအတောင်တစ်ရာဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏
ဆင်ကိုအတောင်တစ်ထောင်ဝေးသော အရပ်မှရှေင်ကြဉ်ရာ၏
မကောင်းသောသူကို အရပ်ဒေသစွန့်ခွါသဖြင့် ရှောင်ကြဉ်ရာ၏




ချစ်သူသစ္စာ
သစ်ရွက်ကြွေ နွေ တစ်ကြော့
ရောက်ခဲ့ပေါ ချိန်ရာသီ
ကျေးငှက်ကမြည်
ဖြန်းပက်တဲ့ ငွေနှင်းရည်
သွေဖည်ခဲ့ နယ်တစ်ဝှမ်း
အလွမ်းအရပ်သို့ သည်မောင်ချီ
တူပျော်ကြည် နေလိုလျက်ကယ်နှင့်
ချစ်သူအတွက်မို့လှမ်း
လွမ်းလို့တော့မနေနိုင်
သူ့အကျိုးနှင့်ဆိုင်
မွေးရပ်မြေက ချစ်သူရယ်
ကြံ့ခိုင်တဲ့ ဖြူစိတ်ထား
တစ်မြေဆီ ခြားပေမယ့်
မင်းအတွက်ပေမို့
ုဒုက္ခတွေရင်ဝယ်ပိုက်ပြီး
ပြန်လာမယ့်အချိန်ကို
မျှော်နေပါချစ်သူရယ်........



ဟိုတစ်စဒီတစ်စ
အဝေးရောက်နေပေမယ့်
ငါစိတ်ထဲမှာမင်းကနီးနီးလေးပါ
တစ်မြေစီမှာရှိပေမယ့်
ငါစိတ်ထဲမှာမင်းကတစ်မြို့ထဲပါ
အနေဝေးပြီးသွေးအေးသွားတဲ့မင်းကို
အချိန်တိုင်းသတိရနေမိတယ်
တစ်ပါးသူရဲ့ရင်ခွင်မှာ
မင်းရှိနေပေမယ့်
ပြန်လာမယ်ဆိုရင်ကြိုဆိုနေမှာပါ
မင်းအတွက်တစ်နေရာမကချန်ထားလို့
ပြန်လာပါလို့....................




တောင်ပံတစ်ခုက
မျှော်လွင့်နေတဲ့ငါ့ကို
အဝေးကိုရောက်အောင်ပို့ဆောင်သွားတယ်
ငှက်ကလေးတွေနဲ့အတူ
လေဟုတ်စီးနေရင်းက
ငါ့ကိုဘာသတ္တ၀ါလည်းလို့မေးသွားတယ်
မသိဘူးလို့ဖြေလိုက်တဲ့အချိန်မှာ
ငါကိုဝိုင်းတိုက်ခိုက်တော့တာပဲ
ဘယ်သူဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်
လွတ်လပ်စွာသွားပိုင်ခွင့်မရှိဘူးလား
လွတ်လပ်စွာပျံသန်းနိုင်ခွင့်ကောမရှိဘူးလား
နင်ဘယ်သူလဲငါဘယ်သူလဲဆိုတာ
ဘိုဘိုဟန်သီချင်းထဲမှာပဲရှိတယ်ထင်တာ
အခုတော့ဗျာ................


ချစ်ပါတယ်လို့ပြောတော့အပိုတွေတဲ့
လွမ်းတယ်လို့ပြောတော့မယုံဘူးတဲ့
သတိရတယ်လို့ပြောတော့လည်းမဖြစ်နိုင်ဘူးတဲ့
အရာရာထက်ဦးစားပေးတယ်လို့ပြောတော့လည်း
လျောက်ပြောနေတယ်တဲ့
ဖြစ်ချင်တာကိုလုပ်ပေးချင်တယ်ပြောတော့လည်း
အလကားတွေပါတဲ့
ငါဘာပြောပြောမင်းကမယုံတော့
ငါပြောသမျှအတွက်
ငါကိုယ်ငါတောင်ရှက်မိတယ်
အယုံအကြည်မရှိပဲနဲ့
မင်းနဲ့ငါကချစ်သူဖြစ်နေသေးတယ်နော်..........


လွမ်းစရာ
နွေဦးဆိုတာ
လွမ်းမောဖွယ်ရာကြီးတဲ့
ပူမိလျှင်ဖြေနိုင်ခဲတဲ့
လွမ်းပွဲဆင်တဲ့
နွေဦးရယ်တဲ့လေ။
အဲဒီတုန်းက
ငါမယုံခဲ့ပါဘူး..
ကိုယ်တွေ့ကြုံမှ
ယုံရတော့တယ်..............


-ခြေလှမ်းတစ်ချက်
ရှေ့ဆက်ဖို့ ခက်နေချိန်မှာ
သူက လည်စင်းပြီး လမ်းခင်းရှာတယ်။
-သွားကြရမယ့် ခရီးမှာ
ဖဝါးများစွာ လိုရာရောက်ဖို့
သူ့ဘ၀နဲ့ ပေါင်းကူးပေးတယ်။
-သိမ်မွေ့စွာပဲ လျှောက်လျှောက်
ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း
သူ့ကိုယ်သူ ဖြန့်ခင်းလို့
အပြုံးအပျက် ဝပ်စင်းပေးတယ်။
-သိပ်ဝမ်းနည်းဖို့ ကောင်းတာက
သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့
လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ
အပြုံးသဲ့သဲ့နဲ့
ခေါင်းတချက်လောက် ငဲ့ပြီးတော့များ
အသိအမှတ် ပြုလေမလားလို့
အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့
နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ
နာကျင်စွာ လက်ခံရမြဲပါလေ။
http://www.ainmat.com/မှကူးယူတင်ပြခြင်းဖြစ်ပါသည်။
(ကြိုက်လို့ပါ)ကူးယူမိတာကိုခွင့်လွတ်ပါခင်ဗျာ....


`အချစ်(သို့) ရှုံးနိမ့်ခြင်း´
စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက်တာ...
ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ၀ါးမြို
အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့
စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်...
မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့...
ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက်
ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး
အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက်
ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ.....


`ချစ်သူ...´
ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း
မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ...
အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့
သတိရနေဆဲပါ ချစ်သူ...
အနမ်းတွေ ပေးချင်နေပေမယ့်
ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး...
ငါမင်းကို အပြစ်မပြောရက်ပါဘူး
ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ...
`ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင်
ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ...
`ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး...
ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင်
ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ

ကောင်းမလေး
ကောင်မလေးအတွက်သီချင်းတစ်ပုဒ်
ချစ်သူတစ်ယောက်ကောက်ရခဲ့တယ်
လပြည့်ညမှာပေါ့
အိပ်ပျော်နေတဲ့ငါနှလုံးသားကို
လမင်းကြီးကိုထကြည့်ဆိုပြီး
လာလှုပ်နှိုးသွားတယ်
တစ်ကယ်တမ်းထကြည့်တော့
ကောင်မလေးက
ငါ့အနားမှာမရှိတော့ဘူး
ဘာအတွက်ငါ့ကိုလာလှုပ်နှိုးပြီး
ပျောက်ကွယ်သွားရတာလဲ
ငြိမ်သက်နေတဲ့ကန်ရေပြင်ကို
ခဲနဲ့ပေါက်သလိုလှုပ်ခတ်သွားစေပြီး
ငြိမ်သက်အောင်တော့လုပ်မသွားခဲ့ဘူး
မင်းအတွက်ကစားစရာအရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမယ့်
ငါ့အတွက်တော့
ဘ၀တစ်လုံးပျက်ခဲ့ရတယ်ကောင်မလေးရာ
ကျေးဇူးပြုပြီး
မင်းရဲ့ကစားစရာအရုပ်တွေထဲမှာ
ငါ့ကိုထည့်မထားပါနဲ့ကောင်မလေးရာ
ငါတောင်းပန်ပါတယ်……


မင်းအတွက်
မင်းအတွက်
ငါမကြိုက်တဲ့သီချင်းကိုကြိုက်တတ်အောင်ကြိုးစားခဲ့တယ်
မင်းအတွက်
ငါမကြိုက်အစားအစာကိုကြိုက်အောင်ကြိုးစားခဲ့တယ်
မင်းအတွက်
ငါကြိုက်တဲ့ကွမ်းယာကိုမကြိုက်အောင်ရှောင်ခဲ့ရတယ်
မင်းအတွက်
စိတ်ကူးယာဉ်ခဲ့ပေမယ့်ရိုက်ချိုးခံခဲ့ရတယ်
မင်းအတွက်
မျှော်လင့်ခဲ့ရပေမယ့်ပျက်ဆီးခဲ့ရတယ်
အားလုံးကိုမင်းအတွက်ကြိုးစားခဲ့ရပေမယ့်
လောင်ကျွမ်းသွားတဲ့ပြာလို
လေနဲ့အတူပျောက်ကွယ်သွားတယ်
ငါကြိုးစားခဲ့ရတာတွေက
ဘာမှအရာမထင်ခဲ့လို့စိတ်မကောင်းပါဘူး
ဘာပဲဖြစ်ဖြစ်မင်းကိုတော့ချစ်နေအုန်းမှာပါပဲ


စိန်ပန်း
ဘုရားမတင် မပန်ဆင်လည်း
သူ့တွင်တာဝန်၊ ကျေပွန်စွာဖြင့်
ူသာယာလှအောင်၊ သူ့စွမ်းဆောင်၏
တော်ဝင်ပန်းနှယ်၊ မတင့်တယ်လည်း
မြေ၀ယ်ကြွေခ၊ သူ့အလှဖြင့်
သန္တာအဆင်း၊ ကော်ဇောခင်း၏
ပူရှိန်ပြင်းဒဏ်၊ ခံရပါလည်း
အံကိုခဲ၊ မလျှော့လုံလ
ကြွေးကြော်ပြသည်
ဖြတ်ကြနင်းစမ်း ရဲသည့်ပန်း
မြတ်သည့်အကျင့်၊ ရဲ့ရင့်စိတ်ဓါတ်
မလျှော့စွမ်းအား၊ လေးစားဖွယ်ရာ
မြတ်နိုးပါသည်
ရဲရဲပွင့်လန်းအို-စိန်ပန်း..........

တန်ဖိုး
မျက်ရည်များနဲ့
နတ်သုဓာတစ်ပွဲဟာ
ရိုးသာပြီး အပြစ်မဲ့တဲ့
ထမင်းကြမ်း တစ်ခဲနဲ့
တန်ဖိုးချင်း တူနိုင်ပါ့မလား။
မိုးခါးရေ ငါမသောက်ခဲ့
သိပ်အောက်တဲ့လူ
အဲဒီလူဟာ
ဒီ ၂၁ ရာစုမှာ
အသက်ရှည်ပါ့မလား။
ဒီလူရဲနှလုံးသား
ဒိုင်နိုဆောသတ္တ၀ါလို
သမိုင်းပြတိုက်မှာ ထားပြီး
အံ့ဖွယ်လူသားလို့။
တောင့်တမှုနဲ့ ကိုယ်ကျင့်တရား
လွန်ဆွဲတဲ့အခါ အမှန်တရားအတွက်
ရာဇ၀င်မှာ စာအသွားခက်မှာမို့
အချစ်ရေ
နောင်ဘ၀ကျမှပဲ ဆုံစည်းကြပါစို့။


သို့....ဧရာဝတီ

နှစ်ပါးမိဘ
မေခနဲ့မလိခအစပြုလို့
မင်းဘ၀ကိုထုဆစ်ခဲ့တယ်....

စိမ်းညို့ညို့တောင်တန်း
မှုန်းမှိုင်းမှိုင်း တောအုပ်တွေကြား
အားအင်တွေမွေးလို့ မင်းဘ၀ကို
ဖြတ်သန်းခဲ့တယ်....

ုမြင့်မားတဲ့ တောင်ကုန်းတွေကနေ
နက်ရှိုင်းတဲ့ချောက်ကမ်းပါးတွေဆီ
အလီလီကျခဲ့ပေမယ့် မင်းပြန်ထနိုင်ခဲ့တယ်....

အကွေ့အကောက်တွေနဲ့
စိန်ခေါ်မှုတွေကြားမှာ
ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းဖြတ်ကျော်နိုင်ခဲ့တယ်...

မာန်မာနကို အဖော်ပြုလျက်
မိုးစက်တွေနဲ့ ထွေးပွေ့ရင်း
လောကဓံကိုလည်း မင်းပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်...

အနိမ့်အမြင့် အတက်အကျ
အကြမ်းအနု အဖုအထစ်တွေကြားက
အကြိမ်ကြိမ်ရုန်းထရင်းနဲ့
မင်းခရီးတွေဆက်နိုင်ခဲ့တယ်.....

ဟော.......
ရှေ့နားမှာ..
ကြည်လင်နေတဲ့ အရုဏ်ဦးကောင်းကင်
ပင်လယ်ပြင် လှိုင်းဖွေးဖွေးကလေးတွေ
မင်းကြိုလင့်နေကြပေါ့....
အားတင်းထား...ဧရာဝတီ.....


နွံ
အနက်ရောင်မီး
အနက်ရောင်ည
ကာရန်မဲ့သံစဉ်တချို့
ကဗျာမဲ့မျက်ဝန်းများ
(သူတို့မှာ)
အိမ်မက်မရှိတော့တာလား
မြေပြင်ကောင်းကင်
ပန်းပွင့်နှင်းစက်
လေပြည်သွေးသစ်
(ငါ)ပြောတဲ့ရနှံ့အကြောင်း
ပြန်ပြောင်းအောင့်မေ့တတ်ပါ့မလား
အနီအ၀ါအပြာတွေနဲ့
ရောင်စဉ်လှိုင်းတွေကြား
ပင်လယ်မှာ လမ်းလျှောက်သူများ.......



ကဗျာအကြောင်းအက်ဆေး
* တောင်သုံးတောင်သို့အ၀င်မှာ
ခြင်္သေ့က
သမင်မမျက်လုံးကို
ပခုံးပေါ် ပစ်တင်လိုက်တယ်....
ဒီကောင် လွမ်းခဲ့ပါတယ်
ညီမလေးရယ်....

* ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါပဲ....

* ကန္တာရမဆန်ပါဘူး
ငါဒဏ်ရာရခဲ့တာပါ....
ကွဲကြေတဲံ အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ ဟုတ်ပေလိမ့်မယ်......

ဆက်လက်ဖတ်ရှုရန်...